My Life and My Hero(part-26)
" မင်းနောက်နေတာတော်သင့်ပြီ မင်းအိမ်မင်းပြန်လိုက်တော့ "
" စဉ်းစားထားနော် ကျွန်တော့်ယောက်ကျားလုပ်မယ်ဆိုရင် ဖုန်းဆက်လိုက် သွားပြီ "
စားပွဲပေါ်က ဖုန်းနဲ့သော့သုံးချောင်းလောက်ပါသည့် သော့တွဲတစ်တွဲကိုယူပြီး မင်းသားဆိုဒ်ဖမ်းကာ ခြံထဲကထွက်သွားလေသည်။
ဒီကောင်လေးက ပိုက်ဆံရှိလို့ပျက်စီးနေတဲ့ပုံပဲ။ ဟူး....သူပြန်သွားတော့စိတ်အေးရပြီ။ ရဲသွေးတို့ကလည်း အလုပ်ပိတ်ရက်ကြီးကို ဘယ်သွားနေကြပါလိမ့်။ ငါ့ကိုလည်းဘာမှမပြောသွားဘူး....
အဲလက်စ်ကတော့ အိမ်ထဲရောက်သည့်နှင့်တစ်ပြိုင်နက် အဝတ်အစားတွေကိုချွတ်ပြစ်လိုက်ပြီး ရေတစ်ခွက်သောက်ကာအမောဖြေလိုက်သည်။ တီဗွီရှေ့ကခုံပေါ်တွင်လည်း အမှိုက်မှာပြန့်ကြဲနေသည်မှာ အမှိုက်ပုံအလားပင်။
" အိုးခိုင်မော့ ဒီအမှိုက်တွေမရှင်းထားရင် ငါသေကိန်းဆိုက်ပြီ။ တမလွန်မှအမေရေ ကျွန်တော့်ကိုကူညီပါ။ အဖေပြန်လာရင်ကျွန်တော့်ကိုဘာမှ မဆူပါစေနဲ့ "
အဲလက်စ်သည်သူ၏အမေလို့ ယူဆရတဲ့ဓာတ်ပုံရှေ့တွင် လက်အုပ်ချီကာ ဆုတောင်းနေသည်။
" အဟား.... ဒီဦးလေးကြီးက တကယ့်ငနုံကြီး။ နုံလေပိုကောင်းလေပဲ။ မနက်ဖြန်ကျွန်တော့်လက်စွမ်းကို ထပ်မြည်းကြည့်လိုက်စမ်းပါ ဦးလေးကြီး....ဟားဟား "
အဲလက်စ်တစ်ယောက် သီချင်းလေးဆိုရင်း...ဘောင်းဘီတိုနှင့်အိမ်၏အမှိုက်များကိုရှင်းနေသည်။ တစ်ဖက်မှာ သူ့ကိုချောင်းကြည့်နေတဲ့သူရှိမှန်း အဲလက်စ်မသိချေ။
တောက်...စောက်ကလေး။ ငါ့ကိုများငနုံတဲ့။ အေး...မင်းနဲ့ငါနဲ့တွေ့ပြီ။
..........ဆေးရုံကြီးသည် နာမည်ကြီးဆေးရုံကြီးဖြစ်သလို သက်တမ်းရင့်နေသောဆေးရုံကြီးလည်းဖြစ်သည်။ ဘေးဘက်နံရံတွင်ကား ဆေးများကွာကျနေသည်။ လပြည့်တို့ငှါးထားသော အခန်းသည် ဈေးကြီးသော်လည်း အလှအပများမရှိ၊ သို့သော် လူနာနှင့် သူ၏သက်ဆိုင်ရာလူများနေခွင့်ရှိသည်။