in 2010
စတုရန်းပုံသဏ္ဍန် ကြီးမားသော အဆောက်အဦးကြီးဧ။်ရှေ့တွင် လူရာပေါင်းများစွာက ဆူညံစွာ
လှုပ်ရှားသက်ဝင်နေကြသည် ။ ထိုလူများဧ။်
လက်ထဲမှာတော့ အင်မတန်ချောမောသည့်
မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံကို ကိုင်ထားကြသည် ။ တစ်ချို့က' ငါတို့ holy ကို အရမ်းချစ်
တယ်, I Love holy, ငါ့ရဲ့ကမ္ဘာကြီး holy'ဆိုသည့် စာတန်းများကိုကိုင်ထားကြသည်။
ထိုလူများရဲ့ရှေ့တွင်လည်း ကင်မရာများ
ကိုယ်စီဖြင့် စောင့်ဆိုင်းနေကြသည့် သတင်းထောက်များလည်းရှိလေသည် ။ ထိုသို့ များစွာသောလူများရှိနေသည့် အဆောက်အဦးကြီးရဲ့ အပေါ်ဘက် နံရံမှာတော့ MBT entertainment ဆိုသည့် စာတန်းကြီးရှိနေပါသည် ။ ထိုစောင့်ဆိုင်းနေသည့် လူတန်းကြီးက
MBT အဆောက်အဦးထဲကို ဝင်ရဖို့တစ်ခုထဲသာ စိတ်လောနေဟန်ရှိသည် ။ တစ်ချို့က
လက်က နာရီကိုငုံ့ကြည့်ရင်း အချိန်မလိုတော့ဘူး ဝင်ရတော့မယ်လို့ အချင်းချင်းတီးတိုး
ပြောကြသည် ။
ထ်ိုအချိန်မှာပဲ အဆောက်အဦးထဲမှ အနက်ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်
လူငယ်တစ်ယောက်က မှန်တံခါးရှည်ကြီးကို
ဆွဲဖွင့်ကာ
" ဝင်လို့ရပါပြီ " လို့ပြောလိုက်သည်။
ထိုအခါ လူတွေအကုန်လုံးက ပျော်ရွှင်မြူးတူး
အော်ဟစ်ကာ ပြေးဝင်သွားကြသည် ။
အဆောက်အဦးဧ။် ခန်းမထဲတွင် စင်မြင့်ငယ်
တစ်ခုရှိနေပြီး ထိုစင်ရှေ့မှာတော့ ထိုင်ခုံတွေ
အခု ၂၀ လောက်ရှိသည် ။ ထိုထိုင်ခုံများတွင်
သတင်းထောက်များက ထိုင်ပြီး သူတို့လက်တော့ပ်နှင့် ကင်မရာများကို ပြင်ဆင်ကြသည်။
ပရိသတ်ဖြစ်သည့် လူတွေကတော့ သတင်းထောက်များဧ။် ခုံနောက်တွင် မတ်တပ်ရပ်နေကြသည် ။ထိုအချိန် ထိုလူများဧ။် အနောက်ဘက်တွင်
ဆံပင်ဂုတ်ထောက်အောင်ရှည်ပြီး မုတ်စိတ်မွှေး
ပါးသိုင်းမွှေးတွေနှင့် အသက် ၃၀ ဝန်းကျင်ခန့်
ခန့်ညားတည်ကြည်သော လူတစ်ယောက်က အသက် ၄၀ ဝန်းကျင် ဆံပင်ထိပ်ပြောင်နေသောလူတစ်ယောက်နှင့် အတူယှဉ်တွဲလာကာ ထိုလူများဧ။် နောက်ဘက်တွင်
တိတ်တဆိတ် မတ်တပ်ရပ်နေလေသည် ။
ထိုသူနှစ်ဦးက တစ်ခြားဘာကိုမှ မကြည့်ဘဲ
စင်မြင့်ပေါ်သို့သာ ရှေးရှုကြည့်နေကြသည် ။
