အပိုင်း (၁)

9.3K 209 33
                                    

ညီငယ် (ဒုတိယတွဲ )

အပိုင်း ၁

Unicode

"ခွမ်း"

တိတ်ဆိတ်နေတဲ့အချိန်ကို ဖြိုခွင်းလိုက်တဲ့ အသံဟာ တစ်ခုခု ကျကွဲသံဆိုတာ ကို အိပ်နေရာမှ လန့်နိုးသွားတဲ့ ဟိန်းစစ်တစ်‌ယောက် ပတ်ဝန်းကျင်ကို ခန့်မှန်းကာ သိလိုက်သည်။နံဘေးကို ကြည့်လိုက်‌တော့ အိပ်နေတဲ့ ခေါင်ထက်ကို မတွေ့ရပေ။
အိပ်‌နေရာမှ ထထိုင်လိုက်တော့ ခန္ဓာကိုယ်က
နာသွားသည်။နာကျင်မှုကြောင့် ရုတ်တရက် ကုတင်ပေါ်က မဆင်းနိုင်ပေ။ခန္ဓာကိုယ် နာကျင်ရတဲ့ အကြောင်းအရင်းကို စဉ်းစားမိတော့
ညက သူနဲ့ အတူနေဖြစ်တာကို သတိရသွားတော့သည်။
အတူမနေဖြစ်တာကြာပြီမို့ အခုတော့ နာကျင်မှုက ပိုပါသည်။နာကျင်တာကို ခဏမေ့ထားပြီး ကုတင်ပေါ်မှ အသာအယာဆင်းလိုက်သည်။သူ့ကို ရေချိုးခန်း အိမ်သာမှာ သွားကြည့်တော့မရှိ။အသံလာရာ အခန်းအပြင်က မီးဖိုချောင်ကို ထွက်လာလိုက်သည်။အရင်က အပေါ်ထပ်မှာ မီးဖိုချောင်မရှိပေ။အခု သူနဲ့အတူနေဖြစ်တော့ မီးဖိုချောင် အသေးလေး လုပ်ထားလိုက်သည်။အောက်ထပ်မှာ ရှိနေတဲ့
ဆိုင်က မီးဖိုချောင်က ဆိုင်သုံး ဖြစ်နေသည့်အတွက် အချိန်တိုင်း အသုံးပြုမရပေ။
တစ်ခုခု ကျကွဲသံဟာ မီးဖိုချောင်ထဲက ဖြစ်နေသည်။
ခေါင်ထက် ကလွဲ၍ ဘယ်သူမှ မဖြစ်နိုင်။သီဟလည်း အိမ်မှာ မရှိ။ဝန်ထမ်းတွေကလည်း ဆိုင်မှာအိပ်ကြတာမဟုတ်။
ခေါင်ထက် ဟိန်းစစ် ဆီ လာအိပ်မည့်နေ့ဆိုရင် သီဟ က သူ့အဖေ ဟိုတယ်မှာ သွားအိပ်တတ်သည်။တစ်အိမ်လုံးမှာ ခေါင်ထက်နဲ့ ဟိန်းစစ် နှစ်ယောက်သာ ရှိသည်။

"အဲ့ဒါဘာဖြစ်တာလဲ။"

မီးဖိုချောင်ထဲ ဝင်ဝင်ချင်း တွေ့လိုက်ရတာကတော့
ကြမ်းပြင်ပေါ်က
ပန်းကန်အကွဲစတွေကို ကောက်သိမ်းနေသည့် ခေါင်ထက်ကို တွေ့ရသည်။ဒါ့ကြောင့် မေးခွန်းထုတ်လိုက်သည်။ဟိန်းစစ် ကို မြင်တော့ ခေါင်ထက် မော့ကြည့်ပြီး ပြောသည်။

"ဟာ.... ညီငယ် နိုးသွားပြီလား။ အ..."

"ကဲ...ဖြစ်ပြီ။ထ...ထ... မကိုင်နဲ့တော့ ။ထပ်ရှနေဦးမယ်။ကျွန်တော်ပဲ သိမ်းလိုက်မယ်။"

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now