# Unicode.
ကြီးမားကျယ်ပြန်တဲ့အခန်းကျယ်ကြီးထဲမှာလူတော်တော်များများကထိုင်ပြီးစောင့်ဆိုင်းနေကြတယ်
ဘာကိုစောင့်ဆိုင်းနေတာရယ်တော့သေချာမသိပေ
"ဖြစ်စဥ် ၄၀ဝ၇"
ထိုသို့အသံကြားလိုက်သည်နှင့်
အလိုလိုရောက်ရှိသွားသော အခန်းတစ်ခု
လုံးဝကိုဖြူစွတ်နေသည်"မင်းတို့ဘာကြောင့်ဒီကိုရောက်လာတာလဲသိရဲ့လား"
"မသိပါဘူး"
နှစ်ယောက်လုံးပြိုင်တူဖြေလိုက်ကြသည်
"ဒါကကိစ္စမရှိပါဘူးပြီးရင်ပြန်စဥ်းစားကြည့်ပေါ့"
အေးစက်စက်အသံနှင့်ပြောလာသည် ပုံစံကိုကားမမြင်ရချေ
သားသားနှင့်မီးမီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်
နောက်တစ်ဖန်အေးစက်စက်အသံကြီးထွက်လာပြီး
"နတ်သူငယ် ထေလ အကြင်လူနှစ်ယောက်ကို သက်ဆိုင်ရာ နတ်မင်းဆီ ပို့လွှတ်ချေ"
ထေလဆိုသောလူသည် မည်သည့်စကားမျှမဆိုပဲ သူနောက်လိုက်ခဲ့ရန် ခေါင်းသာအနည်းငယ်ဆတ်ပြလေသည့်
ဤသည်ကိုသဘောပေါက်စွာဖြင့် နှစ်ယောက်သားညိမ်သက်စွာဖြင့် လိုက်ပါခဲ့ကြသည်။
👼👼👼👼👼👼👼👼👼👼👼👼
တစ်ဖက်တွင်တော့
"ကိုရေဘယ်လိုလုပ်မလဲ ကျွန်မတို့ကလေးနှစ်ယောက်ကို ဘာမှမဖြစ်လောက်ပါဘူးနော်
ဆရာဝန်တွေကဘာလို့အခုထိ ထွက်မလာကြသေးတာလဲ"
ဒေါ်နီနီဝင်းတစ်ယောက် ကတော့ဖြင့်ဂဏာမညိမ်ဖြစ်ကာ ပူလောင်နေလေသည် ကို့ဝမ်းနဲ့လွယ်မွေးထားရသော ရင်နှစ်သည်းချာလေးများအား
ဘေးရန်ကင်းစေရန် စိတ်ထဲတွင် အကြိမ်ကြိမ်ဆုတောင်းလျက်ဦးရဲခေါင်မင်း ကလဲ စကားတစ်လုံးတစ်လေမျှဝင်မပြောသော်လည်း မျက်နှာသွင်ပြင်ကိုကြည့်လိုက်တာနှင့်လွန်စွာသိသာပေသည်
ရင်ထဲတွင်အပူမီးတောက်လောင်နေမည်မှာမလွဲပေ
YOU ARE READING
Miracles in my life🌠
AlteleUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...