part.16 🍭🍬

453 41 14
                                    

# Unicode.

Jade တစ်ယောက် အိပ်ရာပေါ်မှာကျောခင်းနေရာကညနေစောင်းပြီဖြစ်သောကြောင့် ဆရာလုပ်ခိုင်းတာပြီးပြီဆိုတဲ့အကြောင်းပြောရန် အိမ်မကြီးစီသို့ထွက်ခဲ့သည်

အိမ်ထဲရောက်ကာရှိသေး

"ခွပ်".

"အား..ဆရာ ကျွန်တော်ဘာအမှား......"

"ခွပ်...ခွပ်...ခွပ်"

စိတ်တိုတိုနှင့် အာကာတစ်ယောက် သူ့တပည့်အား
လှိမ့်ထိုးနေမိသည် ထိုးလို့အားရပြီဆိုကာမှ

"မင်းခေါ်လာတဲ့ဟိုဘွားတော်က
anaesthetic allergic ကွ မသိဘူးလား မင်းကိုသူတို့အကြောင်းတွေအကုန်စုံစမ်းခိုင်းထားတာလေ အဲ့တာကို မင်း...မင်းကွာ"

ထိုအချိန် ဒေါက်တာမင်းလွင်တစ်ယောက်အခန်းထဲမှ ခေါင်းတစ်ယမ်းယမ်းဖြင့်ထွက်လာပြီး

"ဟေ့ကောင်အာကာ ငါစိတ်တော့မကောင်းဘူးကွာ သူဆုံးသွားပြီ မင်းတို့က ချက်ခြင်းငါ့ကိုခေါ်သင့်တာ မင်းတို့ငါ့ကိုခေါ်တာတော်တော်နောက်ကျသွားတယ်"

အာကာတစ်ယောက်နဲနဲတုန်လှုပ်သွားမိတယ် ဟိုပေါက်စကိုဘယ်လိုပြောရမလဲဆိုတဲ့အတွေးကြောင့် ပြီးတော့ပေါက်စကို စိတ်ထိခိုက်မခံရစေခြင်ဘူး အဲ့တာကဘာကြောင့်ရယ်လို့တော့ အတပ်မပြောနိုင်ပေမဲ့...အဲ့ဒါကြောင့်

"ဟေ့ကောင်သူ့ကို antihistamine သွင်းမပေးဘူးလား"

"ငါဆရာဝန်ကွ သိတယ် ဒါပေမဲ့ဆုံးသွားပြီလေဘာလုပ်လို့ရမှာလဲ"

"အဲ့တာဆိုရင်လဲ ဟိုနားကလဲနေတဲ့ကောင်ကို ဆေးလေးဘာလေးနဲနဲပါးပါးထည့်ပေးခဲ့စမ်းကွာ ပြီးရင်ပြန်တော့"

"အောင်မာ ငါ့ကိုနှင်စရာမလိုဘူး နေပါဆိုရင်တောင်မနေဘူးပြန်မှာ သိလား"

"မင်းဘာသာ ပြန်ပြန်မပြန်ပြန်ကွာ "

ထိုသို့ပြောပြီးနောက်ထပ်

"ဟေ့ကောင် လှိုင်းလွန့် ဘွားတော်ကို သေသေချာချာ မြှုပ် ပေးလိုက်"

ပြောပြီးစိတ်ပြေလက်ပျောက်ဖြစ်အောင် ခြံထဲကိုသာဆင်းလာလိုက်တော့သည် ထိုအချိန်

Miracles in my life🌠Where stories live. Discover now