part.5

542 57 8
                                    


# Unicode..

    မီးမီး toilet ဝင်ပြီးတော့ ပြန်ထွက်လာတော့ တစ်ခုခုက ဆွဲငင်နေသလိုမျိုး အပေါ်ထပ်ကိုအရမ်းတက်ချင်နေမိသည်
ဆွဲဆောင်မှုကအရမ်းကိုပြင်းထမ်နေခဲ့တယ်
ပုံမှန်ဆိုရင်စပ်စပ်စုစုသိပ်မလုပ်တက်ပေမဲ့
အခုဟာက...

စိတ်ထိန်းရမယ် ဒါသူများအိမ် မစပ်စုရဘူး မီးမီ ကို့ကိုယ်ကို​နှစ်သိမ့်နေရသည် ကို့စိတ်ကိုချိုးနှိမ်ရသည်

သို့ပေမဲ့မရ အရမ်းတက်ချင်နေမိသည်

ဒါကမိန်းကလေးတွေရဲ့စပ်စုတဲ့စိတ်ပဲနေမှာပါ အကြောင်းထူးတော့မရှိပါဘူး ငါအပေါ်တက်မယ် ခနပဲ ပြီးတာနဲ့ပြန်ဆင်းလာမှာဘဲ ဘာမှတော့မဖြစ်လောက်ပါ ဘူး

အား..မတက်နိုင်တော့ဘူး
ဖြစ်ချင်ရာဖြစ်ကွာတက်မယ်
စိတ်ပိုင်းဖြတ်ပြီး မီးမီး တက်လာခဲ့သည်

အပေါ်ထပ်ရောက်တော့ အခန်းတစ်ခန်းကတံခါးပွင့်
နေပြီး ထိုအခန်းက မီးမီး၏
စိတ်အစဥ်နှင့်
ခန္ဓာကိုယ် တစ်ခုလုံးကိုဆွဲဆောင်​နေပြီး
မသိလိုက်ခင်မှာဘဲ
လူကအခန်းထဲရောက်နေတော့သည်

အခန်းကိုဝေ့ဝဲ​ကြည့်လိုက်တော့
တော်တော်ကိုကျယ်သည် အကောင်းစားပစ္စည်းတွေကိုဘဲ အသုံးပြုပြီး အခန်းကို ဖွဲ့စည်းထားသည် အခန်းကိုလှည့်ပတ်ကြည့်ရင်း တစ်နေရာရောက်တော့ မီးမီးမျက်လုံးတွေရပ်တန့်သွားသည်

လူတစ်ယောက် ကြီးမားသောကုတင်ကြီးတစ်ချပ်ပေါ်တွင်လဲလျောင်းနေသည်
မီးမီးထက်တော့အသက်ကြီးဟန်တူသည်

အသားအရေကနဲနဲညိုသည် အဲ့တာကလဲ
လုံးဝကိုဆွဲဆောင်မှုအပြည့်နှင့်
တော်တော်ကြည့်ကောင်းသည်

ထို့ကြောင့်..

မီးမီး အနီးကပ်သွားကြည့်မိသည်
"ဒုတ်...ဒုတ်.. ဒုတ်.... "

ဟမ် ဘာလဲ ငါ..ငါ နှလုံးတွေ ခုန်နေတာလား တစ်ခါမှအဲ့လိုမဖြစ်ဖူးဘူးလေ အခုအခြေအနေကဘာလဲ..

မဟုတ်မှလွဲရော ငါ..ငါ..

ဟာ..မဟုတ်ဘူး မဟုတ်ဘူး..

အား..စိတ်ရှုပ်လိုက်တာ စိတ်ထဲဘယ်လိုကြီးလဲမသိဘူး ရင်တွေတုန်ပြီး ခေါင်းပါမူးလာသလိုဘဲ

Miracles in my life🌠Where stories live. Discover now