# Unicode.
"ဖေဖေသားသွားတော့မယ်နောက်ကျမှာဆိုးလို့"
နောက်ဆုံးတော့လဲ သားလို့ပြောရတာအသားကျလာပါပြီ အသားမကျလို့လဲမဖြစ်ဘူးလေ ကံကြမ္မာက ဒီလိုစီစဥ်ပေးတါကြောင့်
"အေးအေး သွားတော့"
သွားတော့ဟုပြောသော်လည်း မသွားဘဲ ရပ်နေသေးသည့်သားအားဘာလဲဟူသည့်ပုံဖြင့်ကြည့်လိုက်တော့
"ကားသော့ပေးလေ"
လက်ဝါးဖြန့်ကာတောင်းနေသည့် သားသား
"လိုင်းကာတိုးစီး ပီးရင်ထမင်းချိုင့်လဲယူသွား"
သားသားမျက်လုံးပြူးသွားသည်
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အိမ်မှာကားရှိနေတာဘဲ
ပြီးတော့ ဟိုကုမ္ပဏီကအစားအစာတွေကအရမ်းကောင်းတယ်လို့လဲ နာမည်ကြီးတယ်လေ အိမ်ကနေမထည့်သွားလဲကောင်းကောင်းစားရမှာပါ""ကောင်းကောင်းစားရတယ် မစားရဘူးပြောတာမဟုတ်ဘူး ပြီးတော့ဟိုမှာစားရင်ပိုက်ဆံလဲပေးရမှာလေ"
"ဟာ..ဖေဖေကလဲ အဲ့လောက်တော့ပေးနိုင်တယ်လေဗျာ..
အဲ့တာဆိုဒီလိုလုပ်""ဘယ်လိုလုပ်ရမှာလဲ "
"ထမင်းချိုင့်ကို အိမ်ကထည့်သွားမယ် ရုံးတက်ဖို့ကားတစ်စီးပေး"
"ကားလဲမပေးဘူး ထမင်းချိုင့်ကိုလဲ အိမ်ကထည့်သွား စကားကြောလာမရှည်နဲ့ ငါမင်းအဖေ
ပြီးတော့ tosca company ကို secretary သွားလုပ်မဲ့မင်းဟာ perla company ရဲ့ ဆက်ခံသူဆိုတာဘယ်သူမှမသိပါစေနဲ့ ငါပြောတာသဘောပေါက်လား ရိုးရိုးသာမန်လူတန်းစားထဲကပုံစံပဲပေါက်ပါစေ"
"ဟုတ်..သဘောပေါက်ပါတယ်"
သားသားတို့၏ ကုမ္ပဏီသည် အတော်အသင့်နာမည်ရထားသောကုမ္ပဏီဖြစ်သည် tosca နှင့်ယှဥ်လို့မရပေမဲ့ လူသိများသော ကုမ္ပဏီ တစ်ခုပင်ဖြစ်သည်
"ရော့ပိုက်ဆံ ဒီနေ့ထမင်းချိုင့်ယူမနေနဲ့တော့ ဒီထပ်စောင့်ရင် နောက်ကျနေတော့မှာ"
သားသားပိုက်ဆံကိုကမန်းကတမ်းယူကာ ထွက်လာခဲ့သည်
ကားမှတ်တိုင်ရောက်လို့စစ်ကြည့်လိုက်တော့
တစ်ထောင်တန်ငါးရွက်

YOU ARE READING
Miracles in my life🌠
SonstigesUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...