part 22.

213 26 2
                                    

#Unicode.

မနက်အိပ်ရာနိုးနိုးခြင်းသားသားသတိရလိုက်တာက အိမ်မှာဘာတွေဖြစ်နေလဲဆိုတာ မီးမီးကိုမေးရန်ဖြစ်သည် ထို့ကြောင့်ကိုယ်လက်သန့်စင်ပြီးမီးမီးအခန်းဘက်ထွက်ခဲ့တော့သည်

"ဒေါက်..ဒေါက်.. မီးမီးငါဝင်လာခဲ့မယ်နော်"

ပြောပြီးသည်နှင့်အခန်းတံခါးကိုဖွင့်ကာဝင်သွားတော့ ခုတင်ပေါ်မှာအိပ်နေသည့်မီးမီး

"မီးမီးထတော့ ကုမ္ပဏီသွားရအုံးမှာဒီအချိန်ထိမအိပ်နဲ့ ငါလဲမေးစရာရှိသေးတယ်...မီးမီး ထဟ....မီးမီး.."

မီးမီးကိုနှိုးနေပါသော်လဲ စကားပြန်မရသောကြောင့် ခန္ဓာကိုယ်ကိုဆွဲထူရန်ကိုင်လိုက်တော့

'ဟမ်..ပူကျက်နေတာ ဖျားနေတာပဲ'

"မီးမီး...မီးမီး..ထဟ..ထ မီးမီး.."

သားသားအကြိမ်ကြိမ်ခေါ်ပါသော်လဲ အနည်းငယ်လူးလွန်ဟန်ပြုပြီး နောက်ထပ်မလှုပ်ရှားတော့ ထို့ကြောင့်အသံကုန်ဟစ်အော်လိုက်သည်

"မေမေ...မေမေ..ဒီကိုလာပါအုံး"

သားသားရဲ့အလန့်တကြားအော်သံကြောင့် ဒေါ်မြမေ တစ်ယောက် အပြေးလေးရောက်လာသည်

"ဘာလဲ ဘာတွေဖြစ်လို့လဲ"

"မီးမီးခေါ်လို့မရတော့ဘူး အစောတုန်းကနဲနဲလှုပ်လာသေးတယ် ပြီးတော့ခေါ်လို့မရတော့ဘူး"

"ဟာ..အဲ့တာဆိုဆေးရုံအရင်ပို့ရမယ် မြန်မြန်နင့်အမကိုပွေ့ခဲ့ "

"ဟုတ်"

ပြောပြီးတာနှင့်သားသားလဲအမြန်ပွေ့ကာချီလာပြီး ကားပေါ်တင်လိုက်သည်

ဒေါ်မြမေကလဲမြန်မြန်ပင်ကားပေါ်တက်လိုက်ပြီး ကားလေးကတော့အနီးစပ်ဆုံးဆေးရုံစီသို့

ထိုနေ့ကသားသားတစ်ယောက်အလုပ်မသွားလိုက်ရပေ

😠😠😠😠😠😠😠😠😠😠😠😠😠

"ဘာ..ငါတို့နဲ့စာချုပ်ချုပ်မယ်လုပ်ထားတာလေ ဘာလို့လွယ်လွယ်နဲ့ပြောင်းသွားတာလဲ ဟိုတနေ့ကတောင် ထမင်းအတူစားဖို့ချိန်းတော့ အဆင်မပြေလို့ အဆင်ပြေတဲ့အချိန်မှဆက်သွယ်မယ်ဆိုပြီးပြောခဲ့သေးတာလေ"

Miracles in my life🌠Where stories live. Discover now