part.7

503 38 2
                                    


#Unicode.

               ကောင်းခန့်ရဲ့အသက်ရှူသံတွေပြင်းလာခဲ့သည် အာခေါင်တွေခြောက်ကပ်လွန်းစွားဖြင့် သတိဝင်လာမိတော့ ပြောမိတာက

"ရေပေးပါ"

ထိုအသံကိုကြားတော့ ကုတင်ပေါ်ခေါင်းလေးတင်ကာအိပ်ပျော်နေသော ဦးမင်းနောင်
ဆတ်ခနဲခေါင်းထောင်လာသည် ပြီးတော့

"သား...သားသတိရလာပြီ..ရေ..ရေအရမ်းဆာနေလား.."

ပြောလဲပြောဘေးရှိရေဘူးထဲမှရေကို ငှဲ့ကာတိုက်နေလေသည်...ကောင်းခန့်
ရေသောက်ပြီးတော့

"အားးးးးးး.."
"ဟင်..ဘာ..ဘာ..ဖြစ်တာလဲသား"
"ကျွန်..ကျွန်တော့ခြေထောက်တွေလှုပ်မရဘူး.."

"ဆရာဝန်..ဆရာဝန် ခေါ်ရမယ်..သားခဏနေအုံး
ပါပါးဆရာဝန်ခေါ်လိုက်အုံးမယ်"

ဦးမင်းနောင်ပြာယာခတ်နေလေသည်

ဆရာဝန်ခေါ်ပြီးတဆက်ထဲ ဇေယျကိုပါလှမ်းခေါ်လိုက်သည်..
"........"

ခဏအကြာ
ဒေါ်နှင်းမေ တစ်ယောက် ဆေးအိတ်လေးကိုင်ကာ
ဆရာဝန်ကိုအခန်းထဲသို့ ပင့်လာသည်

"ဆရာ လာပါဗျ ဒီနားထိုင်ပါ သားကခြေထောက်တွေလှုပ်လို့မရလို့တဲ့ဆရာ ဘယ်လိုဖြစ်တာလဲ ကြည့်ပေးပါအုံး"

ဆရာဝန်ကို ခရီးဦးကြိုပြုကာ သား၏ဖြစ်ကြောင်းကိုပြောပြနေသည်

အနည်းငယ်စမ်းသက်ပြီးနောက်

"လူနာကအားလုံးအဆင်ပြေတယ် စိုးရိမ်စရာမရှိပါဘူး

အိပ်ရာပေါ်မှာပဲ အချိန်အကြာကြီးလှဲနေရတော့
အကြောတွေဆိုင်းနေတာပါ
အချိန်းနည်းနည်းပေးပြီး
ပြန်လေ့ကျင့်ရမှာပေါဗျာ
ကလေးပေါက်စလေးတွေ
လမ်းလျောက်စသင်သလိုပေါ့"

ဆရာဝန်ရဲ့ ပြောစကားကြားပေမဲ့ ဦးမင်းနောင်စိတ်မချနိုင် ပေ

အရင်ဆရာဝန်တွေတုန်းကလဲ
စိတ်ချလို့ပြောပြီးသားကတစ်နှစ်ကျော်ကြာမှနိုးလာသည်
ထို့ကြောင့်
သားသတိရလာတာဝမ်းသာပေမဲ့လဲ
အပြည့်အဝတော့မပျော်နိုင်သေး

ဆရာဝန်ပြန်သွားပေမဲ့
ဦးမင်းနောင်ကအတွေးများနေမိသည်

Miracles in my life🌠Where stories live. Discover now