#Unicode..
"မီးမီး
နင်ကဘာလို့ဖုန်းပိတ်ထားရတာလဲဟ"ဆေးရုံခန်းထဲဝင်လာလာခြင်း သားသား
ပြောတဲ့စကားကြောင့် မီးမီးကြောင်သွားသည်"ဘာလဲ မပိတ်ပါဘူးဟ"
"အဲ့တာဆိုဖုန်းကဘာလို့ခေါ်မရတာလဲ"
"သူဟာသူ အားကုန်လို့ပိတ်သွားတာလားမှမသိတာ စားပွဲပေါ်မှာ တင်ထားတယ်ယူပြီးအားသွင်းပေးအုံး"
ခဏကြာသည်အထိဖုန်းကိုသားသားရှာနေခဲ့သည်
သို့ပေမဲ့မတွေ့"မီးမီးမတွေ့ဘူးဟ ဘယ်နားထားတာလဲ"
သားသားထိုသို့မေးတော့ မီးမီးကစိတ်မရှည်ဟန်နှင့်
"ဟာ..သေချာရှာဟ နင့်မျက်လုံးပါနေတာဘဲ"
"မျက်လုံးပါလို့မျက်လုံးနဲ့ကြည့်ရှာတာပဲ ဒီဘက်တစ်ချက်လောက်လှည့်ကြည့်ပြီး နင်ရောရှာလေ"
မီးမီးစိတ်မရရှည်တာနဲ့ကိုယ့်ဘာသာထရှာတော့
"ဟင် ဒီပေါ်သေချာပေါက်တင်ထားတာပါ ဘယ်ရောက်သွားတာလဲ"
မောင်နှမနှစ်ယောက်ကတော့ ဖုန်းပျောက်ရှာပုံတော်ဖွင့်နေလေရဲ့ သားသားကတော့မောသွားဟန်ဖြင့် ရေသောက်ဖို့ ရေခွက်ကိုယူလိုက်တော့
"ဟာ..မီးမီး ဒီမှာနင့်ဖုန်း ရေခွက်ထဲရောက်နေတာ ရေတွေလဲစိုနေပြီ"
မီးမီး တစ်ယောက်မျက်လုံးပြူးသွားသည် အဲ့တာပျက်လို့မဖြစ်ဘူး
"ငါ့ဖုန်းလေး ဘယ်လိုလုပ်မှာလဲ သွားပါပြီ ပျက်လို့မဖြစ်ဘူး အဲ့ထဲမှာ အရေးကြီးတာတွေပါတယ်"
"အဲ့တာဆိုနင်သေချာထားပါလား ဘာလို့မှားပြီးရေခွက်ထဲထည့်ရတာလဲ "
"ငါထားတာမမှားဘူး ဘယ်သူထားတာလဲငါသိတယ် တွေ့ကြသေးတာပေါ့"
ပြောပြီးတာနဲ့မီးမီးအပြင်သွားဖို့ပြင်တော့
"ဟေ့ အဲ့တာဘယ်သွားမလို့လဲ နင်ဘဲခေါင်းမူးနေတယ်ဆို ပြန်လာပြီးညိမ်ညိမ်နေ"
"မနေဘူး စာရင်းရှင်းစရာရှိသေးတယ်"
"မရှင်းနဲ့ ဘယ်လောက်အရေးကြီးကြီး ကို့ကျန်းမာရေးကဦးစားပေးပဲ ဆေးရုံဆင်းမှစာရင်းရှင်းတော့"

YOU ARE READING
Miracles in my life🌠
AléatoireUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...