part. 21

210 25 12
                                    


#Unicode.

ဦးရဲခေါင်မင်းတစ်ယောက် စာကြည့်ခန်းထဲတွင်
ခေါက်တုံ့ခေါက်ပြန်လျှောက်ကာအလျှင်အမြန်စဥ်းစားနေသည်

'ငါဘယ်လိုလုပ်ရမလဲ ဒီအခြေအနေ ဆုံးဖြတ်ဖို့ရာခက်ခဲတယ် နှစ်ဦးနှစ်ဖက်လုံးအတွက်သိက္ခာတွေရှိသေးတယ်'

နောက်ဆုံးတော့ ဦးရဲခေါင် တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ် သိက္ခာဆိုတဲ့အရာတစ်ခုကိုငဲ့ပြီး ချလိုက်တဲ့ဆုံးဖြတ်ချက်က မမှန်ခဲ့ဘူး ဒါပေမဲ့သူ့ဘက်ကကြည့်ပြန်တော့လဲ မမှားခဲ့ပြန်ဘူး အခုဆုံးဖြတ်ချက်ကို ပြောဖို့အားတင်းပြီး ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်တယ်

"ဟယ်လို..."

"ပြောပါ ဦး..ယမုံလဲဦးဖုန်းဆက်မဲ့အချိန်ကိုမျှော်နေတာ"

"မင်းရဲ့ကမ်းလှမ်းမှုကိုသဘောတူတယ် အဲ့တာကြောင့် ပုံတွေကိုမဖြန့်ပါနဲ့ ကျေးဇူးပြုပြီး.."

"စိတ်ချပါ ကျွန်မကတိတည်ပါ့မယ် ရင်းနှီးမြှုပ်နှံဖို့ကိစ္စအဆင်ပြေပြီး ရှယ်ယာအချို့ကျွန်မကိုလွှဲပေးပြီးရင် ပုံကိုအပြီးအပိုင်ဖျောက်ဖျက်ပေးပါ့မယ်"

"ကောင်းပါပြီ "

ဦးရဲခေါင်မင်း တစ်ယောက်ကတော့ ဆုံးဖြတ်တာမှန်ရဲ့လားဇဝေဇဝါဖြစ်နေခဲ့တယ် မျက်စိကိုစုံမှိတ်ပြီး ရင်ထဲကတင်းကျပ်နေတယ် ပြီးတော့ပါးစပ်ကနေတိုးတိုးလေးညည်းတွားနေတယ်

"ငါမမှားဘူး အခုရွေးချယ်မှုကအားလုံးအတွက်အကောင်းဆုံးပဲ ပြီးတော့ တောင်းပန်ပါတယ် "

😔😔😔😔😔😔😔😔😔😔😔😔😔

"ကိုကို ကျွန်တော်.."

သားသားစကားမဆုံးသေးခင်လက်ကာပြလိုက်တဲ့ကောင့်ခန့်လင်းကြောင့် ပြောလက်စစကားကိုရပ်လိုက်သည် ထိုအခါမှ ကောင်းခန့်လင်းက

"ကိုယ်တို့နှစ်ယောက်ကြားမှာ စည်းတော့ထားသင့်တယ်ထင်တယ် အခုဟာက ကုမ္ပဏီမှာလေ အခေါ်အဝေါ်ကိုဂရုစိုက်ပေးပါ"

သားသားရင့်ဘက်တစ်ခုလုံးအောင့်သွားသည် ပြီးတော့တော်တော့်ကိုရှက်သွားသည် အဲ့လိုခေါ်တယ်ဆိုတာကလဲသူခေါ်ခိုင်းလို့လေ မရမကခေါ်ခိုင်းခဲ့တာ အခုမှ စည်းထားသင့်တယ်တဲ့လား လိုချင်တာကိုယူပြီး အပျင်းပြေကစားလို့ပြီးလို့ အချိုးတွေကပြောင်းသွားတာလား သူ့ကိုအပြစ်မဆိုတော့ပါဘူး တကယ်ယုံမှတ်နေတဲ့ကိုယ်ကသာအရူးမို့

Miracles in my life🌠Where stories live. Discover now