part 23

148 18 2
                                    

#Unicode.

မနက်ခင်းသတင်းတွင်ပါလာခဲ့သောသတင်းတစ်ခု

"အရက်မူးပြီးကားမောင်းသောကြောင့် အရှိန်မထိန်းနိုင်ဘဲဓာတ်တိုင်ဝင်တိုက်ရာ ထိုလူနေရာတွင်ပင်ပွဲချင်းပြီးသေဆုံး"

မှန်ကွဲစများရစရာမရှိအောင်စိုက်ဝင်ကာ သွေးချင်းချင်းနီနေသည့် မျက်နှာတစ်ခုက ဘယ်သူလဲဆိုတာခွဲမရအောင်ပင်ရုပ်ပျက်ဆင်းပျက်နိုင်လှသည်

မယုံကြည်နိုင်ချင်းများစွာနဲ့ အရူးတစ်ပိုင်းဖြစ်နေတာက ဒေါ်မြမေ

"မဟုတ်ဘူး အဲ့တာငါ့သားမဟုတ်ဘူး ငါ့သားကိုရှာပေးကြပါ ငါ့သားလေးကိုခေါ်ပေးကြပါအုံး "

ရှိုက်ကြီးတငင်ငင်ငိုကာ သွေးရူးသွေးတန်ဖြစ်နေတော့ ဒေါ်မြမေကိုကြည့်ကာ ဦးခွန်မင်းနောင် တစ်ယောက် သွားလေသူဇနီးကိုသတိရမိသည်
သို့ပေမဲ့သတိရပြီးကိုပါရောဝမ်းနည်းနေလို့မဖြစ်အားတင်းပြီးနှစ်သိမ့်ရပေမည် ဇေယျဆိုတာကလဲ လိမ်မာရေးခြားရှိပြီး တော်တဲ့လူငယ်မို့ သားတစ်ယောက်လိုပင်ချစ်သည် အဲ့တာကြောင့်အားတင်းနေသည့်ကြားကပင်မျက်ရည်ပေါက်လေးကမြေသို့သက်ဆင်းသွားခဲ့သည်

"မမမြ စိတ်ကိုထိန်းနော် ဖြစ်ပြီးတာတွေလဲဖြစ်ပြီးပြီလေ ကိုယ်ကကြံ့ခိုင်အောင်နေပြမှ သွားလေသူကလဲစိတ်ဖြောင့်မှာပေါ့ အဲ့တာကြောင့် စိတ်ကိုထိန်းနော် "

ဦးခွန်မင်း ကတော့ အားပေးစကားပြောကာနှစ်သိမ်နေလေသည် ဘေးကတစ်ယောက်ကတော့

"အီးးဟီးးး. ကိုကိုရေ ဘာလို့ယမုံတို့ကိုထားခဲ့တာလဲ အီး..ဟီးးး..ဟင့်"

အကယ်ဒမီ ရှုံးလောက်တဲ့အိုက်တင်ဖြင့်အပီအပြင် ဇာတ်လမ်းခင်းနေတာက လှလွန်းယမုံ

ထိုအချိန်ကောင်းခန့်လင်းအပြေးရောက်လာပြီး

"ပါပါး ဇေယျ..ဇေယျ ဘယ်မှာလဲ"

ပါဝါဖြူအောက်ကမျက်နှာကိုလှစ်ဟပြီးကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်း ကြောင့် ကောင်းခန့်အနည်းငယ်နောက်ဆုတ်မိသွားသည်

ထို့နောက် ဦးခွန်မင်းနောင်အားအသာလက်တို့ခေါ်ကာ

"ပါပါး ဒါကြီးကတော့တကယ်မရိုးဘူးလို့ထင်တယ် ဓာတ်တိုင်ကိုဝင်တိုက်တာ အရှိန်ပြင်းတယ်ဆိုပေမဲ့လဲ
ကားမှန်အစိတ်စိတ်ကွဲပြီး မျက်နှာမှာလာစိုက်နေတာ ရုပ်ဖမ်းမရအောင်ဆိုးဆိုးဝါးဝါးနိုင်လွန်းတယ် အဲ့တာကသိပ်ပြီးသဘာဝမဆန်သလိုဘဲ ကျွန်တော်တကယ်ကိုစိတ်ထဲမတင်မကျဖြစ်နေတယ်"

Miracles in my life🌠Where stories live. Discover now