# Unicode.
"ကိုကို ဒီနေ့ရုံးပိတ်ရက်လေ အဲ့တာ...."
ယမုံစကားကိုမပြောပဲရပ်နေလိုက်သည် အားကိုးစရာ ဦးမင်းနောင် အနားရောက်လာကာမှ
"ယမုံ shopping ထွက်ချင်လို့လိုက်ပို့ပေးပါလားဟင်"
ကောင်းခန့်ကတော့ အင်တင်တင်လုပ်နေသည်
ဦးမင်းနောင်ကတော့
"သားရာ ကလေးကိုလိုက်ပို့လိုက်ပါကွာ.."ထိုအခါမှ ယမုံက ဟန်ဆောင်ပန်ဆောင်လုပ်ကာ
"နေပါစေ ကိုကိုမအားလဲ ယမုံမသွားတော့ပါဘူး"
"သူအားတယ်သမီး သမီးကိုလိုက်ပို့လိမ့်မယ်"
ဦးမင်းနောင် ထိုသို့ပြောတော့ ကောင်းခန့်က
"ပါပါး...ကျွန်တော်က.."
"တော်ပြီ ဘာမှမပြောနဲ့ ယမုံလေးသွားချင်တဲ့နေရာလိုက်ပို့လိုက်"
ကောင်းခန့်တော်တော်စိတ်ခုသွားကာ
"ပြီးတာဘဲ လိုက်ပို့လိုက်မယ် အခုအင်္ကျီသွားလဲလိုက်အုံးမယ်"
ထိုသို့ပြော၍ အင်္ကျီ လဲဖို့ရာအပေါ်သို့တက်လာခဲ့သည်
ယမုံဆိုသော ကလေးမလေး၏ အပြုအမူနှင် မျက်နှာကိုမကြိုက်
အရာရာကိုဟန်လုပ်သည့်ပုံဟူ၍ပဲ မြင်မိသည်အောက်ထပ်တွင်တော့
"ဦး..."
"ဟေ.. ဘာလိုလို့လဲသမီးလေး"
ဦးမင်းနောင် ထိုသို့မေးလိုက်တော့
"သမီးမှာက အလုပ်လဲမရှိဘူးလေ အဲ့တော့ပိုက်ဆံလဲမရှိဘူး ကိုကိုနဲ့သွားဒါမို့ကိုကိုကဝယ်ပေးမယ်ဆိုပေမဲ့လည်း အမျိုးသမီး အသုံးဆောင်တွေကျ..."
"ဦးသဘောပေါက်ပြီခနနော်"
ဦးမင်းနောင်အခန်းထဲဝင်သွားပြီး ခဏနေတော့ပြန်ထွက်လာသည်
"ရော့သမီးလေး"
ထိုသို့ပေးပြီးဦးမင်းနောင် ခြံထဲဆင်းသွားသည်
ထိုအခါမှယမုံလဲ ပိုက်ဆံကိုစစ်ကြည့်လိုက်သည်
ဟင် တစ်သိန်းထဲ ဘာလဲ ဒီလောက်ကျိကျိတက်ချမ်းသာနေတာကို ပေးတဲ့ပိုက်ဆံက တစ်သိန်းထဲလား အနည်းဆုံးတော့ သုံးလေးသိန်းတော့ပေးသင့်တယ်လေ ဒါကဘာလဲ"
YOU ARE READING
Miracles in my life🌠
De TodoUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...