part 27

498 15 1
                                    

# Unicode..

နာကျင်နေတဲ့ခန္ဓာကိုယ်ကို အတက်နိုင်ဆုံးကြိုးစားလှုပ်ရှားပေမဲ့ ထထိုင်ရုံသာတက်နိုင်ပြီး လမ်းလျှောက်ဖို့မစွမ်းနိုင်ခဲ့ ဘယ်များရောက်နေတာပါလိမ့်ဆိုပြီး ဝေ့ဝပြီးကြည့်လိုက်တော့ ဟိုတယ်မှာမဟုတ်တာကသေချာသည် အဲ့တာကြောင့် ဘယ်ရောက်နေတာပါလိမ့်လို့စဥ်းစားကြည့်တော့ စဥ်းစားလို့မရ ထိုအချိန်

"မင်းနိုးပြီလား တကယ်တော့မနေ့ကပျော်စရာတွေဖန်တီးဖို့ရည်ရွယ်ထားတာလေ မင်းကပျော့လိုက်တာ တစ်ချီတောင်မခံဘူး..အဟက်"

ခနဲ့တဲ့တဲ့နဲ့ပြောနေတဲ့စကားတွေကို မကြားချင်ပေမဲ့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးနားထောင်နေတုန်း

"ကိုယ်တို့လက်ထပ်ရအောင်"

မထင်မှတ်ထားတဲ့စကားကိုပြောလာတဲ့အတွက်မော့ကြည့်လိုက်တော့

"တကယ်ပြောနေတာ မင်းသာလက်ခံမယ်ဆိုရင် မင်းအဖေကိုလွှတ်ပေးမယ်"

သားသားတစ်ယောက်ကတော့ မျက်ဝန်းလေးတွေအရောင်တောက်လာပြီး

"တ..တကယ်လား"

"အင်း..စည်းကမ်းချက်လေးတော့ရှိတယ်"

"ဟုတ် ပြောပါကျွန်တော်လိုက်နာပါ့မယ်"

ကောင်းခန့်ကတော့ ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ဆင်မြန်းလ်ုက်ပြီး

"မင်းမိဘတွေနဲ့ အဆက်အသွယ်ဖြတ်ရမယ် ဘယ်တော့မှမတွေ့ရဘူး"

"ဟာ..ဒါတော့မဖြစ်နိုင်ဘူးလေ အဲ့တာက.."

"အဲ့တာဆို မင်းအဖေကို ထောင်ထဲနေခိုင်းလိုက်လေ"

သားသားစဥ်းစားနေမိတယ် အသက်ကြီးနေပြီဖြစ်တဲ့အဖေကထောင်ထဲမှာ နေနိုင်မှာမဟုတ်ဘူး အဲ့အစားငါကပဲ..

"အင်းသဘောတူတယ် ပြီးတော့ ကျွန်တော့်အဖေနဲ့အမေအတွက် အသုံးစရိတ်ရောထောက်ပံ့ပေးနိုင်မလား"

"အပေးရှိရင်အယူရှိရတယ်လေ အဲ့အတွက်မင်းကငါ့ကိုဘာပြန်ပေးမှာလဲ"

"ကျွန်တော်တက်နိုင်တာမှန်သမျှ အကုန်ပေးမှာမို့လို့ ကျွန့်တော့်မိဘတွေကိုသာထောက်ပံ့ပေးပါ"

Miracles in my life🌠Where stories live. Discover now