#Unicode."daddy ရေ mommy ရော"
"ဟမ်"
အာကာထက်အကျပ်ရိုက်သွားသည် နေတာအကောင်းကို ဘာကိစ္စ mommy ကိုမေးနေရတာလဲ"
"mommy ကိုမတွေ့မိဘူး mommy ချက်တဲ့ ဟင်းတွေစားချင်တယ် ဒီမှာစားရတဲ့ဟင်းတွေက ကောင်းလဲမကောင်းဘူး အီးးဟင့်.."
ပြောရင်းဆိုရင်း တအီအီလုပ်လာတဲ့ကလေးကြောင့်
"တိတ်တော့ တိတ်တော့ daddy mommy ခေါ်ပေးမယ်နော်"
"တကယ်လား"
အရည်လဲ့နေတဲ့မျက်ဝန်းလေးနဲ့မော့ကြည့်လာတဲ့ကလေးကြောင့်
"တကယ်ပေါ့ အခုသွားခေါ်ခိုင်းလိုက်မယ်နော်"
"ဟေး..ဒါမှဒို့ daddy ကွ အဲ့တာကြောင့်ကျွန်တော်က daddy ကိုချစ်တာ အာဘွားး"
ထိုကလေးမှာတော့ ဘာရယ်မသိ ရိုးရိုးသားသားပင် ပါးကိုနမ်းသွားတယ်ဆိုပေမဲ့ ဒီကောင်ကြီးရင်ထဲမှာသာ ကုလားဘုရားပွဲလှည့်သလို ဒိန်းဒလိန်းနတ်ဝင်ပူးသလို ကတုန်ကရင်နဲ့ မောဟိုက်စွာကျန်နေခဲ့ရသည်
"ဟူး..."
အာကာထက်သတ်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး
သူ့တပည့်ကိုခေါ်လိုက်"ဆရာဘာခိုင်းစရာရှိလို့လဲ"
"စစ်သွေး ရဲ့အမေကိုသွားခေါ်လာခဲ့ ဒါပေမဲ့အတင်းအကျပ်တော့မလုပ်နဲ့ ပတ်ဝန်းကျင်ကလဲအရမ်းကြီးဂရုမစိုက်မိအောင် အတက်နိုင်ဆုံးသဘာဝကျကျဖြစ်အောင်ခေါ်လာခဲ့"
"ဟုတ်ဆရာ..ဒါဆိုကျနော်သွားလိုက်အုံးမယ်"
"အေးကောင်းပြီ"
....................👣👣👣👣👣......................
သားသားတစ်ယောက် စစ်သွေး သတင်းကြားလို့ကြားညားဆိုပြီး ထွက်လာခဲ့တယ် ဟိုရောက်တော့
အထုပ်တွေသိမ်းဆည်းနေတဲ့ အန်တီလှ ကိုမြင်တော့"ဟာ အန်တီလှ ဘယ်သွားမလို့လဲ စစ်သွေးပြန်ရောက်လာလို့လား"
"မဟုတ်ဘူးသားရေ စစ်သွေးကခေါ်ခိုင်းလိုက်လို့တဲ့ အဲ့တာလိုက်သွားမလို့"
"ဟင် စစ်သွေးကခေါ်ခိုင်းလိုက်တာ ဟုတ်လား သေချာရဲ့လား"
"ဟုတ်တယ်သားရဲ့ သေချာတယ်"
YOU ARE READING
Miracles in my life🌠
De TodoUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...