part 26 🌶🌶

303 21 0
                                    

#Unicode..


ဘယ်တက်နိုင်မလဲ ဘဝပေးကံကဒီလိုဖြစ်လာခဲ့ပြီလေ ငွေအရမ်းလိုနေတယ် အလုပ်ထွက်လုပ်ရအောင်လဲ အမေကိုတစ်ယောက်ထဲတနေကုန်ထားခဲ့လို့မရ ကျန်းမာရေးကမှမကောင်းတာ

ရိုးရိုးသားသားအချိန်ပိုင်းအလုပ်ဆိုပြန်တော့ ပိုက်ဆံကထင်သလောက်မှမရတာ ဆေးဖိုးတွေနဲ့အမှုအတွက်သုံးစရာတွေရှိသေးတယ် အဲ့တော့ အလွယ်လမ်းလိုက်ရတော့မှာပေါ့ တွေးထားပေမဲ့တကယ်လက်တွေ့လုပ်ရတော့မယ်ဆိုတော့ အရမ်းကိုထိတ်
လန့်နေမိတယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်ကလွဲပြီး သင့်တော်တဲ့အလုပ်မရှိဘူးလေ

"ဟူး.. ငါအဆင်ပြေသွားမှာပါ"

ကို့စိတ်ကိုအားတင်းကာ club ထဲသို့ဝင်ရန်ခြေတစ်လှမ်း

"ဟင်"

အဲ့ခြေတစ်လှမ်းကမြေပြင်ပေါ်မရောက်ဘဲ လေပေါ်ကိုမြှောက်ပါသွားသည် သတိထားလိုက်မိတော့ လူတစ်ယောက်ရဲ့ပခုံးပေါ်မှာရောက်နေသည်လေ
ထို့ကြောင့်ကြောက်လန့်တကြားအော်လိုက်တယ်

"ဟာ..ဟေ့လူ ခင်ဗျားဘာလုပ်တာလဲ အောက်ချပေး ဟေးလူ"

ထိုလူကတော့ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ထမ်းခေါ်လာသောသားသားရဲ့ကိုယ်လေးကို ကားတစ်စီးအတွင်းထဲသို့ ပြစ်ထည့်လိုက်သည် သားသားတစ်ယောက်လဲ နာကျင်သွားတဲ့လက်တစ်ဖက်ကိုကိုင်ရင်းခေါ်လာတဲ့လူကို ကြည့်လိုက်တော့

"ကိုကို"

ကောင်းခန့်ကတော့ ခပ်ဟဟတစ်ချက်ရယ်လိုက်ကာ

"ဘာလဲ အံ့သြသွားတာလား"

"ဟုတ်တယ် ကိုကိုကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ ပြီးတော့ဘာလုပ်မလို့ခေါ်လာတာလဲ"

အံ့သြနေတဲ့မျက်နှာလေးနဲ့မေးလာတဲ့သူ့ကို ငါကမင်းနောက်ကိုလိုက်ချောင်းနေတာပါလိုဖြေ
လိုက်ရမှာလား အဲ့လိုဖြေလို့
မဖြစ်ဘူးလေ အခက်အခဲတွေဒုက္ခတွေကိုယ်တိုင်ပေးပြီး ဘယ်သွားသွားနောက်ကနေတိတ်တိတ်လေးလိုက်ကြည့်နေတာ မင်းရဲ့နာကျင်မှုတွေကိုစက္ကန့်မလပ်ကြည့်ချင်လို့ မင်းကိုမြင်ချင်လွန်းလို့မဟုတ်ဘူး

Miracles in my life🌠Where stories live. Discover now