part.4

586 56 2
                                    


# Unicode

    ရာသီအလီလီပြောင်းခဲ့ပြီ
အချိန်စက်ဝန်းတွေလဲဟောင်းခဲ့ပြီ
   လူရောစိတ်ရော ပင်ပန်းနေခဲ့ပြီ

ဘာမှမသိဘဲအေး​ဆေးဆေး  လဲလျောင်းနေခဲ့တာက.. ကောင်းခန့်လင်း..

အချိန်တွေကကြာခဲ့ပြီ အကြောင်းရင်းမရှိဘဲဖြစ်ခဲ့တဲ့အဖြစ်ကြောင့်

အကြောင်းရင်းရေရေရာရာ မသိခဲ့ပဲ နိုင်ငံခြားဆေးကုဖို့သွားခဲ့တယ် အတက်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ တကယ်ကိုကြိုးစားခဲ့ပေမဲ့

အကြောင်းအရင်းရှာမတွေ့ဘဲ ပြန်လာခဲ့တယ်
အခုတော့ အခန်းထဲမှာဘဲ လိုအပ်တဲ့ပစ္စည်းအစုံအလင်ကိုတပ်ဆင်ထားပြီး

ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ လူတစ်ယောက်ကိုတွေတွေလေးစိုက်ကြည့်နေကြတယ်...

အကြောင်းရင်းမရှိဘူးလို့အပေါ်ယံကိုကြည့်ပြီး ထင်နေကြတယ် အမှန်တကယ်တော့
အကြောင်းရင်းရှိခဲ့တယ်

တကယ့် အကြီးကြီး...

ဒါပေမဲ့ သိနိုင်စွမ်းမရှိခဲ့ကြဘူး
ထို့ကြောင့်..

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

ခံစားရသလောက်တော့ ကောင်းခန့် ပင်ပန်းနေတယ်
အကြောင်းအရင်းကိုမသိဘူး

ပိတ်လှောင်ခံနေရသလိုမျိုး မွန်းကြပ်ပြီး ...ပြောမပြတက်အောင်ကို ဘယ်လိုဖြစ်နေလဲဆိုတော့

...ကျွန်တော်မသိတော့ဘူး တစ်နေ့တစ်ခြားပင်ပန်းနေပြီ...အားအင်တွေဆုတ်ယုတ်လာပြီး သေတော့မယ်ထင်တယ်
တကယ်ကိုပင်ပန်းနေပါတယ်

ဒါပေမဲ့ ကျွန်တော်မသေချင်သေးဘူး...


  🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀


"သားလေးရေ..ကောင်းခန့်လေး မေမေ့အသံကိုကြားလား..ကြားရင်ပြန်ထူးပါအုံးသားရဲ့ 

    သားသိလားဒီနေ့ကလေ သားရဲ့ ၂၇နှစ် ပြည့်မွေးနေ့လေ  သားအိပ်နေတာတစ်နှစ်တောင်ကျော်ပြီနော်
ထဖို့သင့်ပြီ

အဲ့လောက်ထိအပြင်းမကြီးနဲ့ ငါချိုချိုသာသာနှိုးနေတယ်မထဘူးလား
မင်းကိုထလို့ပြောနေတယ်နော်

Miracles in my life🌠Where stories live. Discover now