#Unicode."ဪ..ဟော ကိုခန့်အချစ်ပွဲနွဲရာက ပြန်ရောက်ပြီလားမြန်သားပဲ"
ကောင်းခန့်အိမ်ထဲဝင်ကာရှိသေး ယမုံရဲ့ခနဲ့သံကိုကြားလိုက်ရတယ်
"ငါဖာသာဘာပွဲကြီးနွဲနွဲ မင်းအပူပါလို့လား"
"ကိုခန့်ကလဲ ဒီလေသံ ဒီမျက်နှာဘေးကြီးနဲ့မပြောပါနဲ့ ဟိုအကောင်နဲ့တုန်းကဒီပုံစံမဟုတ်ဘူးလေ"
"မင်း ဘယ်သူ့ကိုဟိုအကောင်လို့ခေါ်လိုက်တာလဲ မင်းစကားပြောတွေသတိထားရင်ကောင်းမယ်နော်"
"အဲ့တာတွေထားလိုက်ပါတော့ ကျွန်မဆီမှာရှိတဲ့ဓာတ်ပုံကို ရှင့်အဖေကိုပြ
လိုက်ရင်ဘယ်လိုဖြစ်မယ်ထင်လဲ..ဟင်းဟင်း.. ""ဘယ်လိုမှမထင်ဘူး ဒီလောက်လေးနဲ့တုန်လှုပ်မယ်ဆိုရင် ဒီကိစ္စကိုစခဲ့မှာတောင်မဟုတ်ဘူး"
"ဪ..ဪ..ဪ..သူရဲကောင်းကြီးပေါ့ သူရဲကောင်းကြီးက ကိုယ့်ချစ်သူက ဘယ်သူလဲဆိုတာသေချာမသိဘူးထင်တယ် "
"မင်းဘာတွေပြောနေတာလဲ"
"မသိဘူးလား ထားလိုက်ပါတော့ ဘယ်လိုအကြံမျိုးနဲ့ဝင်လာတာလဲမှမသိတာ သူများအကြံတွေပျက်စီးကုန်လိမ့်မယ်...ပြီးတော့စေတနာနဲ့ပြောလိုက်မယ် ကိုယ့်ချစ်သူက ဘယ်သူလဲ ဘယ်လိုလူလဲ ဘယ်လိုအကြံမျိုးရှိလဲ ကွဲကွဲပြားပြားသိမှ ရှေ့ဆက်တိုးသင့်မတိုးသင့်ဆုံးဖြတ်နော်...ဪ ပြီးတော့ ဦးလေးကိုအခုလောလောဆယ်တော့မပြောသေးဘူး နောက်မှပဲ"
ပြောလဲပြောပြီး ယမုံ လှည့်ထွက်ခဲ့တယ် ကောင်းခန့်တစ်ယောက်မှာသာတွေတွေကြီးရပ်နေလျှက်
'ဘာတွေလဲ သူဘာတွေပြောသွားတာလဲ ဘယ်သူကဘာတွေကြံနေလို့လဲ '
အတွေးများနှင့်ယောက်ယက်ခက်နေခဲ့တယ်
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔
"သားသား ပြန်လာပြီလား အချိန်ပိုဆင်းရတာကလဲမြန်သားပဲ"
"ဟုတ်တယ်ဖေဖေ တကယ်ကစစ်ပြီးသားတွေ မှန်မမှန်နဲနဲလောက်ပြန်ကြည့်ရုံပဲ့မို့"
"အေးကွာ ဒါဆိုလဲ အင်္ဂလိပ်စာတွေပြန်လေ့လာနေ မင်းဘိုလိုမမှုတ်တာတောင်ကြာနေပြီ မေ့နေမှာဆိုးလို့ နောက်တစ်ပတ်ရောက်ရင် မင်းတို့ကုမ္ပဏီကို နိုင်ငံခြားသားရင်းနှီမြှပ်နှံသူတွေလာမှာဆို သူတို့နဲ့မျက်နှာမငယ်ဘဲပြောနိုင်ဆိုနိုင်အောင်လေ့ကျင့်"
YOU ARE READING
Miracles in my life🌠
RandomUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...