One

3.5K 137 4
                                    

# Unicode..

"ဟဲ့.. အကောင် နင်ယောက်ျားမဟုတ်ဘူးလား ဟင်
ယောက်ျားဆိုရင် ဘာလို့သူများလုပ်တာခံလာရတာလဲ

နင်မရှက်ပေမဲ့ ငါရှက်တယ် ဘာတဲ့ဆိုရင်အခံဘက်ကကြီးဘဲ
သူများမေးရင်ငါ့မောင်လို့မဖြေနဲ့ ရှက်လွန်းလို့

ဘယ့်နှယ့်တော် အမဖြစ်သူကိုသူများကအနိုင်ကျင့်ရင်တောင် မောင်ဖြစ်သူက ကာကွယ်ပေးရမှာ အခုတော့.."

မီးမီးစိတ်တိုလွန်း၍ သားသားအားပြောဆိုနေမိသည် တကယ်လဲသားသားသည် စိတ်တိုစရာကောင်းလွန်းလှသည်

မီးမီးစိတ်ထဲတွင်တော့
ကို့မောင်ကို ကိုယ့်ဘာသာ ပြောချင်ပြောမယ် ရိုက်ချင်ရိုက်မည် ဆိုချင်ဆိုမည်

ဒါပေမဲ့တခြားသူပြောရင်
တခြားသူလုပ်ရင်လုံးဝမကြိုက်နိုင်ပေ

မိနစ်ပိုင်းတင်ခြားပေမဲ့ မောင်ဟာ မောင်ပဲမို့

"မီးမီးရာ ရန်ကိုရန်ခြင်း မတုံ့နှင်းနဲ့တဲ့ မကြားဖူးဘူးလား  ငါကကြောက်တာမဟုတ်ဘဲ အဲ့ဒီစကားကိုလက်ကိုင်ထားတာ  နင်လဲ နဲနဲပါးပါးလိမ်မာစမ်းပါဟာ"

အရေးထဲ သကောင့်သားက အေးတရားလာဟောနေသေးသည်

ထို့ကြောင့်မျက်နှာပိုးမသေပဲ ရွဲ့တဲ့တဲ့နှင့် လှောင်ပြောင်ချင်နေတဲ့ပုံစံကိုပြောင့်လိုက်ပြီး

"ဪ...ဪ...ဪ..သူများလုပ်သမျှငြိမ်ခံတာက လိမ်မာတာပေါ့ ဟုတ်လား

အမလေး အလိမ်မာတုန်းကြီးရယ် ဘုရားဖြစ်မဲ့ အုတ်နီခဲကြီးရဲ့
ဂင်္ဂါမြစ်ထဲကသဲပွင့်ကြီးရဲ့
ကျုပ်ကိုလဲ တရားလာမချနဲ့
ဟိုစကားလက်ကိုင်ထားတယ်
ဒီစကားလက်ကိုင်ထားတယ်လဲ
လာမပြောနဲ့

သေချာတာတစ်ခုကဟိုကောင်တွေကိုငါသွားသတ်မယ်တကယ်ကိုသတ်မှာ တစစီဖြစ်အောင်ကိုလုပ်မှာ"

ပြောလဲပြော ကုတင်ပေါ်ကနေ ရုတ်တရက်ကြီးဆင်းပြေးတာမို့ သားသားမနဲလိုက်ဆွဲလိုက်ရသည်

ဟုတ်ပါတယ်ဒါကတော့ ကျွန်တော့ရဲ့ မိနစ်ပိုင်းပဲကြီးတဲ့ စွာလန်ကျဲ ဆတ်ဆတ်ကျဲ အမ မီးမီးရဲရဲနီပါ
ကျွန်တော့နာမည်ကတော့ သားသားရဲရဲနီပါဗျ

Miracles in my life🌠Where stories live. Discover now