part.14

308 31 14
                                    


#Unicode.

အာကာ အခန်းထဲက ထိုင်ခုံလေးပေါ်မှီရင်းမှိန်းနေတုန်း

"ဆရာ.."

Jade
ကခေါ်လိုက်တော့
ဘာလဲဆိုတဲ့သဘောနဲ့ကြည့်လိုက်တယ်

"ဆရာစုံစမ်းခိုင်းထားတဲ့ ကိစ္စပါ ဟိုကလေးက မိသားစုဝင်ဆိုလိုအမေတစ်ယောက်ပဲရှိပါတယ် အမေကanaesthetic allergic ရှိလို့နှလုံးခွဲစိတ်ဖို့ရှိတာကိုလဲရွေ့ဆိုင်းထာရတယ်အဲ့ကိစ္စကြောင့်ပဲပုံမှန်ထက်ငွေပိုလိုအပ်လို့ မယမုံခိုင်းတဲ့အလုပ်ကိုလဲလုပ်ခဲ့တာပါကျန်တဲ့အချက်အလက်တွေကိုတော့ နောက်ရက်မှထပ်ပြီးစုံးစမ်းလိုက်ပါ့မယ်"

"ကောင်းပြီ ငါမခေါ်ဘဲနဲ့ ဘယ်သူမှငါ့အခန်းထဲမဝင်ခဲ့နဲ့ အခု မင်းထွက်သွားတော့ "

"ဟုတ်"

ချက်ချင်းအမိန့်နာခံကာထွက်လာခဲ့သည်

ဘုမသိဘမသိဇွတ်ရောအတင်းရောနဲ့ အထဲဝင်မည်တကဲကဲလုပ်နေတာက စစ်သွေး

"ဖယ်စမ်းဘာ ငါdaddy ဆီသွားမလို့ပါဆို"

"မရပါဘူးဆိုကွာ ငါကြိုးနဲ့တုပ်ထားလိုက်ရမလား"

"အီးးးဟီးး..ငါdaddy နဲ့တိုင်ပြောမယ် ငါ့ကိုနှိပ်စက်တော့မှာလို့"

"ဆူဆူညံညံနဲ့ ဘာလုပ်နေကြတာလဲ ဆရာကြားသွားရင်အကုန်လုံးခေါင်းနဲ့ကိုယ်အိုးစားကွဲကုန်လိမ့်မယ်"

Jadeသူ့တပည့်တွေကိုဆူနေတုန်း အခွင့်ကောင်းယူပြီး လှစ်ကနဲပြေးကာအခန်းထဲဝင်သွားသည်ကစစ်သွေး

"ဟာ..ဟိုကလေးဝင်သွားပြီလိုက်ဆွဲ..လိုက်ဆွဲ"

သို့ပေမဲ့ ဟိုလူလည်က အခန်းထဲဝင်ကာ lock ချလိုက်သည်...အခန်းထဲရောက်ရောက်ချင်း

"အီးးးဟီးး..daddy ဟိုလူကြီးတွေက သားကို ကြိုးနဲ့တုပ်ထားမယ်လို့ပြောနေတယ်..အီးးဟင့်..."

အာကာ ဘယ်သူ့ကိုမှဝင်မလာနဲ့လို့ပြောပေမဲ့ ထိုကလေးဝင်လာတော့စိတ်မဆိုးမိ ထို့ပြင် မျက်ရည်မထွက်ဘဲ တအီအီလုပ်နေသည့် ထိုကလေးကို ကြည့်ကာ ဆွဲညှစ်ချင်နေသည် ထို့ကြောင့် အနှီကလေး၏အလိုကိုလိုက်ကာ

Miracles in my life🌠Where stories live. Discover now