# Unicode..
"မင်းဘာလို့အဲ့လိုလုပ်ရတာလဲ မင်းလူမဟုတ်ဘူးလား"
ထိုသို့ပြောလိုက်မှမျက်လုံးပြူးသွားတာသားသား
"ဘာလဲ မဟုတ်ဘူးနော် တခြားအတွေးတွေမတွေးနဲ့ ကျွန်တော်ကလဲနေတာတွေ့လို့ သွားပွေ့ရုံလေးတင်"
"အဟက်...ငါကယုံရမှာလား မင်းနဲ့ငါ့အဖေနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ကြတယ်မို့လား"
"ကိုကိုဘာတွေပြောနေတာလဲ ဘာမှမဖြစ်ဘူး လဲနေတာတွေ့လို့ ကူညီဖို့ကြိုးစားရုံပဲ"
"အဲ့တာဆို ငါ့အဖေလက်ထဲမှာရှိနေတဲ့အင်္ကျီကြယ်သီးကရော"
"အဲ့တာက ဒီအတိုင်းသူ့နားသွားတော့ ကော်လံစနားကိုဆွဲလိုက်လ်ု့ပြုတ်သွားတာနေမှာပါ"
"ဪ..မင်းပြောသလိုဆို ကူညီဖို့အနားကိုရောက်သွားတော့ ငါ့အဖေကအသက်ရှိသေးတယ်ပေါ့ ဟုတ်လား အဲ့တာဆို မင်းကဘာလို့ဆေးရုံအရင်ပို့ဖို့မစီစဥ်ရတာလဲဲ"
"ကျွန်တော် စီစဥ်ခဲ့ပေမဲ့ ဦးလေးက ပြောစရာရှိတဲ့ပုံပေါ်နေလို့..ပြီးတော့.... "
"လူ့အသက်ထက်ဘယ်ဟာကပိုအရေးကြီးနေလို့လဲ မင်းရဲ့ပလီပလာစကားတွေအောက်မှာ ငါကအယုံကြည်ရှိနေမယ်လို့ထင်လား ပြောပါအုံးမင်းရဲ့အလိမ်အညာလေးတွေထပ်နားထောင်ရအောင် ဘာအကြောင်းရှိလို့ ငါတို့အိမ်ကိုရောက်နေလဲဆိုတာ"
သားသားကတော့ကြေကွဲစွာဖြင့်ခြောက်ကပ်ကပ်ရယ်လိုက်သည် ပြီးတော့
"ကျွန်တော်ကဘာပြောရအုံးမှာလဲ ခင်ဗျားမှအယုံအကြည်မရှိတာ မကျေနပ်ရင် အမှုဖွင့်လိုက် ထောင်ထဲဝင်ရမယ်ဆိုလဲဝင်မယ်"
ထိုစကားကိုကြားလိုက်တဲ့အချိန်မှာ ကောင်းခန့်ရဲ့မျက်နှာကမာကြောနေပြီး ကြောက်စရာကောင်းလွန်းနေခဲ့သည်
"ထောင် ဟုတ်လား ငါကအဲ့လောက်နဲ့ကျေနပ်လိမ့်မယ်လို့ထင်နေတာလား မင်းကိုထောင်ထဲအရောက်မပို့ဘူး အရှင်လက်လက်ငရဲခံရအောင်ငရဲတွင်းထဲပို့မယ် မှတ်ထား"
သားသားကတော့ မျက်စိစုံမှိတ်ကာကျောခိုင်းပြီး ထိုနေရာမှအမြန်ထွက်လာခဲ့တော့သည်

YOU ARE READING
Miracles in my life🌠
De TodoUnicode သာမန်မိသားစုကနေမွေးဖွားလာပြီး နတ်ဘုရားတစ်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့အမွှာနှစ်ယောက် အမှောင်ဘက်ခြမ်းမှာရှိတဲ့အေးစက်ခြင်းနဲ့မောက်မာခြင်း နတ်ဘုရားနှစ်ပါး၏ သွေးစက်တွေနှလုံးသားကိုစင်ပြီးမွေးဖွားလာသော လူသားတစ်ယောက် နတ်ဘုရားတစ်ပါး၏ အမှားကြောင့်အမွှာမ...