Zawgyi
2014_February
"ငါသူ့ကိုသိလား"
"မင်းသူ့တင်မဟုတ်ဘူး ၊ သူ့အစ်မတွေပါသိတယ်"
"ဟင် ဘယ်သူလဲ"
အခန်းထဲ ပန်းကာဖွင့် စားပွဲခုံကြီးချပြီး သင်္ချာမေးခွန်းဟောင်းတွက်နေရင်း ရန်နိုင်ထွန်းစကားကို သူစိတ်ဝင်စားမိသည် ။ ပိန်ပိန်ပါးပါး အသားမဲမဲ၊ မျက်နှာသွယ်သွယ်နဲ့ကုလားစင်ချော,ချောတဲ့ ရုပ်ရည်မျိုးနဲ့ဆံပင်အမဲကို ဂျယ်ဖြင့် လှန်ထောင်ထားသော စွတ်ကျယ်ဂျိုင်းပြတ်နှင့် ရန်နိုင်ထွန်းက မဲချောတစ်ယောက်ပင် ။
ဝဝလုံးလုံး အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ မျက်တောင်မွှေးမတိုမရှည်တွေ ၊ နှာတံစင်းစင်း ၊ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းမရဲတရဲလေးဖြင့် ဆံပင်ဗိုလ်ကေ မဟော်ဂနီရောင်ဆိုးထားသော သူနှင့် လားလားမှမဆိုင် ။
နွေမရောက်တစ်ယောက်အချိန်ရာသီမို့ စွပ်ကျယ်ဂျိုင်းပြတ်ကို ကာတွန်းရုပ်ဘောင်းဘီတိုနှင့် သူတို့နှစ်ယောက်တွဲဝတ်ထားကြ၏။
အသက် ၁၉နှစ်တွေဖြစ်ကြပေမဲ့ ၁၀တန်းကို လေးကြိမ်မြောက်ဖြေဆိုရန် ကြိုးပမ်းနေကြသော သူတို့ပါ ။ နေပြည်တော်၏ ပိုပူသော အပူချိန်ကို အံ့တုရင်း ရန်နိုင်ထွန်းပြောတဲ့ ယောက်ျားလေးရော ၊ မိန်းကလေးရော အကုန်တွဲသော တစ်ယောက်အကြောင်းကို သူ့စပ်စုချင်စိတ်က ထိန်းမရ ။
"Star စားသောက်ဆိုင်ကွာ ၊ ငါတို့ကျောင်းကပဲ ၊ ဆယ်တန်းတုန်းကကွာ ၊ ငါတို့အတန်းထဲကမိန်းကလေးတွေကြည့်မရတဲ့ အတွဲလေကွာ"
"သေလိုက်ရန်နိုင်ထွန်းရေ၊ ငါတို့အတန်းက မိန်းကလေးတွေကြည့်မရတာ ဒီလောက်များတာ ၊ ငါက သိမလားကွ"
"ဟုတ်သားပဲ... ၉တန်းကကွာ၊ ငါတို့ထက်တစ်နှစ်ငယ်တယ်၊ ကျောင်းကိုသူ့စော်နဲ့အသွားအလာလုပ်တာလေ ၊ အချစ်တတ်ဆုံးအတွဲလို့ ခေါ်ကြတာ ၊ ပုတိုရဲ့မောင်ဝမ်းကွဲ Star ဆိုင်ကသူတို့ဆိုင် ၊ သိပြီလား အမောင်ရှင်းစစ်ထွန်း"
"နာမည်ဘာလဲ"
"သြော်... ဒီလောက်ပုံဖော်ပြောပြတာတောင်မသိတာ ၊ နာမည်ပြောတော့ သိမှာတဲ့လား လဒရဲ့"

YOU ARE READING
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...