Part 17

599 66 29
                                    

Zawgyi

"မဟုတ်ပါဘူးကွာ သူကစနေတာပါ"

"သူတစ်ယောက်တည်း တစ်ဖက်သတ် မိန်းကလေးတန်မဲ့ အရှက်မရှိစတာလား၊ စပ်လိုက်တာကွာ...ဒီတစ်ခါ"

ယိုးဒယားသင်္ဘောသီးထောင်းကို စားနေရင်းကျွန်တော့်ကို ရစ်နေသော ကင်း။ အစားလည်းမပြတ်၊ အရစ်လည်းမပြတ် စပ်ဖို့လည်းမမေ့ တစ်ယောက်တည်းအလုပ်ရှုပ်နေ၏။

ကျွန်တော်သည်လည်း အားမနေရပါ။ မြေပဲမစားတဲ့ကင်းကြောင့် သင်္ဘောသီးထောင်းထဲမှ မြေပဲတွေကို တူတစ်ချောင်းဖြင့် ဖယ်ပေးနေရတယ်။

စပ်လို့မျက်နှာလေးရဲကာ ချွေးလေးစို့နေ၍ တရှူးရှူးလုပ်နေပုံလေးကလည်း ချစ်စရာအတိ။

"ကိုယ်က အဲလိုသဘောမဟုတ်ပါဘူး၊ သူလည်းဒီအတိုင်းစတာပါ"

"Facebook အကောင့်ဖျက်လိုက်ပြီး အသစ်သုံးနေတာတောင် ရှိတဲ့တစ်ယောက်က ပုံမလာဘူး"

ကင်းသည် အရမ်းရစ်လာသလို၊ လူတကာနဲ့ပတ်ပေးစားနေတော့တယ်။ ပေးစားလွန်းလို့ ကျွန်တော် Facebook အကောင့်ဖျက်ပေး၍ ကင်းကိုယ်တိုင် ကင်းဖုန်းနံပါတ်နဲ့ ဖွင့်ပေးထားသည့် အကောင့်သာသုံးရတယ်။

အကောင့်ထဲတွင်လည်း ဆရာနှင့်အခုတွဲလုပ်နေသော သူတချို့သာရှိ၏။ ဒါကိုပင် မိန်းကလေးတစ်ယောက်ပါသည်ကို ပြသာနာရှာလို့မပြီးပေ။

ပိုပြီးချစ်ဖို့ကောင်းလာတာပေါ့ဗျာ။ သဝန်တိုခံရတာလည်း နဲတဲ့ ကုသိုလ်ကံလား။

"ကင်းမကြိုက်ရင် ကိုယ်unfriend လုပ်လိုက်မယ်နော်"

"Instagram မှာပလူးနေရင် ဘယ်လိုလုပ်မလဲ"

Instagramပါ မသုံးစေချင်ပြန်ဘူးလားလို့ မေးလိုက်ချင်ပေမယ့် မမေးပါ။ ဟုတ်တယ် မသုံးနဲ့ဆို သုံးစရာရှိတော့မည်မဟုတ်။

"ကင်းယူကြည့်လေ"

"ပြီးရော ကြက်ဥပေါင်းစားမယ်"

"အင်း"

အစပ်ပြေ ကြက်ဥပေါင်းဆိုတော့ ကြက်ဥခွာပေးရပြန်တယ်။ ထာဝရ ဆံပင်ညှပ်ဆိုင် ဘေးတွင်ဖွင့်ထားသော ဆိုင်သေးသေးလေးမှ ယိုးဒယားသင်္ဘောသီးထောင်းနှင့်ကြက်ဥပေါင်းသည် ကင်းအကြိုက်မို့ တစ်ပတ်ကိုလေးရက်လောက် အလုပ်ကပြန်ချိန်တိုင်း ဝယ်လာပေးရ၏။ အစပ်စားတာများလျှင် ဗိုက်အောင့်တက်လွန်းလို့ နေ့တိုင်းမကျွေးရဲပေ။

နောင်တ/နောင်တ ( Completed)Tempat cerita menjadi hidup. Temukan sekarang