Zawgyi
သူရိန်နေမင်းကြီးသည် လူသားများအတွက် ထွန်းလင်းတောက်ပပေးနေသည့် သာယာသော နံနက်ခင်းတစ်ခုတွင် ကုတင်ပေါ်မှ ရှင်းစစ်တစ်ယောက်သည် အိမ်မက်ကမ္ဘာထဲ လည်ပတ်နေတုန်းဖြစ်သည်။
ရှင်းစစ်အား အိမ်မက်က နိုးထစေသော ဖုန်းသံလေးတစ်ခု ထွက်ပေါ်လို့လာတော့ လူးလွန့်ကာ မျက်လုံးလေးမှိတ်၍ ဖုန်းလေးစမ်းရှာနေသည်မှာ မြင်ရသူအဖို့ ချစ်ဖို့ကောင်းသည်မှာ သေချာသည်။
"ဟယ်လို"
"ထတော့ကင်း ၈ခွဲနေပြီ"
"အင်း"
"ပြန်မအိပ်နဲ့နော် ရုပ်ရှင်ကြည့်မယ်ဆို"
"အင်း... ထပြီ"
"အွန်း ကိုယ်ခဏနေလာခဲ့မယ်"
"အင်း ဒါပဲ"
မျက်လုံးနှစ်ဖက်ကို လက်ဖမိုးနဲ့ပွတ်ရင်း ထလာသော ရှင်းစစ်က အမဲရောင်ဆံပင် ဖွာလန်ကျဲလေးဖြင့် ချစ်ဖို့ကောင်းနေသည်။
ဝှားးးး ဘယ်လောက်အိပ်,အိပ် အိပ်ရေးမဝဘူး။ မနေ့က ရှင်းရဲ့ first kiss လေး နှမြောလိုက်တာ၊ ရှင်းမချစ်သောသူကို ပေးလိုက်ရတယ်။ ဟူးးးး ဘဝကြီးက ရတာမလို လိုတာမရနဲ့ ဘာတွေမှန်းကိုမသိတော့...
အမေနဲ့ တူမလေးက ကျောင်းသွားကြပြီ။ ရှင်းအမြန်လုပ်ရမည် ။ ဟိုကခဏဆို မြန်သလားမမေးနဲ့ ၁၅မိနစ်ပဲ ကြာတယ်။
မျက်နှာသစ် ရေချိုးပြီး အဝတ်စားလဲပြီးတာတောင် သူမလာသေးဘူး။ ရှင်းက မြန်တာ အချိန်မဆွဲဘူး။ မြန်မြန်ပြီး မြန်မြန်နား... facebook သုံး စောင့်ရုံပါ့။
××××××××××××××××××
အိပ်ချင်မူးတူး အသံလေးက ကြားနေကျတောင် ရိုးအီမသွား။ အိပ်ချင်မူးတူး မျက်နှာလေးလည်း မြင်ဖူးချင်သေးသည်။ဒီလောက်ဆို အတော်ဆွဲဆောင်မှု ရှိနေလောက်ပြီ။ ကိုယ့်ချစ်သူကို ပြန်ဆွဲဆောင်နိုင်ရမယ်။ ရုပ်ရှင်သွားကြည့်မှာက Junction ဆိုတော့ လူခပ်များများနဲ့မို့ ကိုယ့်အပေါ်ပဲ အကြည့်ရောက်နိုင်အောင် ဒီလောက်တော့ပြင်ရမည်။
ဒေါက် ဒေါက်!!!
တံခါးခေါက်သံက ၈ခွဲဆိုပုံမှန်ကြားနေကြအတိုင်း မပျက်မကွက်ပါ။ တံခါးဖွင့်တော့ ကျွန်တော့်ရဲ့မာမီ...

ESTÁS LEYENDO
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...