Part 3

1K 87 4
                                    

Unicode

အချိန်အားဖြင့် ည၉နာရီ အိပ်ခန်းထဲက စားပွဲခုံမှာ ကိုယ်စီစာထိုင်လုပ်နေတဲ့ ငရှင်းနှင့်ရန်နိုင် ။ ငရှင်းဘောဂဗေဒစာအုပ်ဘေးမှာ ဖုန်းတစ်လုံး၊ အတိအကျပြောရလျှင် စာအုပ်ကိုရှေ့ချပြီး စာအုပ်ဘေးက ဖုန်းကိုသာ တကြည့်ကြည့်လုပ်နေသော ငရှင်း။

ဘုရားကအပြန်မုန့်စားပြီး အိမ်ပြန်ရောက်တည်းက ထမင်းထပ်စား စာထိုင်လုပ်နေသည်မှာ တစ်နာရီမပြည့်သေး ။ ငရှင်းမျက်လုံးက ဖုန်းကို ဆယ်စက္ကန့်မှာ ရှစ်စက္ကန့်လောက် ကြည့်နေသည်မှာ အခုထိပင်။

ဘောဂဗေဒကျက်စာကို အသံမထွက် စာစကြည့်ကတည်းက လှန်ထားသည့် နေရာကစာကို မျက်လုံးနှင့်ကြည့်ကျက်နေသော ငရှင်းတစ်ယောက်စာရပါဦးလား ။

ဖုန်းထပ်ဆက်ဖို့ ပြောထားပေမယ့် အခုထိ ဖုန်းကမလာသေး ။ ထပ်ဆက်ပါဦးမလားဆိုတဲ့ စိတ်ကရှင်းဆီပိုအားသာနေ၏။ ရူးကြောင်ကြောင် ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြန်ဆက်ဖို့မျှော်နေတဲ့ရှင်းက ကိုယ့်ဘာသာအထင်ကြီးလွန်းနေသည်များလား ။ သူ ဖုန်းပြန်ဆက်လျှင်တောင် ရှင်း သူ့ကိုဘာပြောရလဲ စဉ်းစားမရသေး။

ပညာသာပြချင်ပေမယ့် ဇာတ်လမ်းဆင်ဖို့ဇာတ်မတွေ့ နာမည်တောင် ငရန်ကောင်းမှုကြောင့်ရခဲ့ရသည်။ ရှင်းဆီ သူထပ်ဆက်မယ်လို့တော့ ယုံကြည့်ချက်သေးသေးလေးရှိနေသေး၏။

သူဆက်ချင်အောင် ၊ သူသိချင်အောင် ရှင်းရဲ့စကားတစ်ခွန်းက သူစိတ်ဝင်စားသွားမှာသေချာသည် ။ အခုထိ ပြန်ဆက်မလာသေးသည်တော့ နည်းနည်း ၊ အင်း... နည်းနည်းကသိကအောက် ဖြစ်စေ၏။

စာထဲလည်း စိတ်မပါ ။ သူသာဖုန်းမဆက်လာလျှင် ရှင်း ဘာဆက်လုပ်ရမလဲ မသိ ဟူးးးးးး။

ရှေ့မှာထိုင် သက်ပြင်းတချ,ချလုပ်နေသေ ငရှင်းကို ရန်နိုင်ကြည့်မရတော့ ။

ဖုန်းကိုပဲကြည့် ဟင် ဖုန်းလာပါလား...

📳တိ တ တီ တီး📳

ဖုန်းသံကြားသည်တောင် မကိုင်ဘဲ ကြည့်နေတဲ့ ငရှင်းကို ရန်နိုင်နားမလည်တော့ ၊ သူ ဖုန်းမျှော်နေတာ မဟုတ်ဘူးလား...

ေနာင္တ/နောင်တ ( Completed)Où les histoires vivent. Découvrez maintenant