Part 23

657 73 19
                                    

Zawgyi

"ချစ်လား ပြောခဲ့ဦး"

"အင်း ချစ်တယ်"

"အများကြီးချစ်တယ် အာဘွား"

"အာဘွား"

ဒါပါပဲ။ အကိုက 'တွဲကြမလား' မေးတုန်းတော့ ကျွန်တော်အပျော်လွန်ခဲ့ရတဲ့အချိန်တွေဖြစ်ခဲ့တယ်။ ၁လကျော်ပေမယ့် အသက်မပါသလို ချစ်တယ်အဖြေစကားကိုလည်း ကျွန်တော်ကြားချင်မိတယ်။

အရင်လို စကားပြောတာမျိုးထက် ချစ်တယ်စကားတစ်ခွန်းသာ ပိုပြောဖြစ်သောဆက်ဆံရေးကိုပင် ကျွန်တော်က ကျေနပ်နေသူ။

ချစ်သူဆိုတဲ့ စကားလုံးရဲ့နောက်တွင် ဆက်ချင်တဲ့အချိန်ဖုန်းဆက်ရတယ်။ ချစ်တယ်စကားကို ပြောချင်တဲ့အချိန်ပြောလို့ရနေတာကို ပျော်နေမိသူ။

ဘာဖြစ်သွားကြမှန်းမသိတဲ့ အကိုနဲ့သူ့အရင်လူ အကြောင်းအကိုကမပြောသလို ကျွန်တော်လည်းမမေးဖြစ်ပါ။ တစ်နေ့နေ့တော့ အကိုစိတ်တွေကျွန်တော့ဆီ ရောက်လာမှာပါ။

ကျွန်တော့်ကို တကယ်ချစ်လာမှာပါ...

××××××××××××××××××××××
"ငါ့သူငယ်ချင်းတွေနဲ့အပြင်သွားတာ အရင်ကလည်း သွားတာပဲ၊ မင်းက ပြောချင်နေတာလား"

"မဟုတ်ပါဘူး ၊ အကိုသောက်တာများနေလို့ ကျွန်တော်က လျော့သောက်ဖို့ပြောတာ"

ဟူးးးး အကိုက တကယ်ဆိုးလွန်းတယ်။ အခုဆို ညီလို့တောင် မခေါ်တော့ပါ။ ၁လခွဲဆိုတဲ့ အချိန်က အကို့ကို အများကြီးပြောင်းလိုက်သလိုပဲ။

ကျွန်တော်နဲ့စကားပြောနေပေမယ့် တစ်ခါတလေ ကျွန်တော်ဆီမှာ စိတ်မရောက်ဘဲ ငြိမ်တတ်တဲ့အကို့ကို ကြည့်ရင်း လူလည်းရင်မောရတယ်။

"အပိုလာမပြောနဲ့၊ အခုငါပြောတာက ငါနဲ့မင်းတွဲနေလို့ အသိပေးရုံပြောတာ၊ ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး၊ မင်းမကျေနပ်ရင် ကြိုက်သလိုဆုံးဖြတ်နိုင်တယ်"

"အကိုကလည်းဗျာ ကျွန်တော်က..."

"ဒါပဲ ငါသွားပြီ"

ပြန်ပြောချိန်တောင်မပေးဘဲ ဖုန်းချသွားတယ်။ လမ်းခွဲစကားမပြောရုံတမယ် ကြိုက်သလိုဆုံးဖြတ်ခိုင်းသော အကို။

နောင်တ/နောင်တ ( Completed)Where stories live. Discover now