Zawgyi
မျက်စိရှေ့မှ ခေါင်းလေးငုံ့ထားသော ကင်းကြောင့် လုပ်ရက်လေခြင်းဆိုတာထက် စိတ်မညစ်စေချင်တဲ့စိတ်က ဝင်ရောက်လာတယ်။
ကင်းရွေးချယ်တဲ့သူ ကိုယ်မဟုတ်မှာကို ကိုယ်ကြောက်မိတယ်။
ဆုပ်ကိုင်ထားသော လက်ကလေးက ချွေးတွေထွက်နေတဲ့အထိ ကင်းလည်း ကြောက်နေသည်မို့ ကျွန်တော်တစ်ခုခုတော့ ပြောဖို့လိုမှန်းသိပေမယ့် ဘာပြောရမှန်းမသိတော့ပါ။
"ကင်း"
ကြည့်လာသော မျက်ဝန်းလေးကအားနာမှုတွေပါဝင်နေတယ်။
ကိုယ့်ကို အားနာစေချင်တယ်။ ကိုယ် ကင်းနဲ့မခွဲနိုင်ဘူး။
"ဘယ်ကလဲ"
ဒီထက်ပိုမသိချင်ဘူး။ ပိုသိလေလေ ကိုယ်ကြောက်မိလေပဲ ကင်း။
"လိုင်းပေါ်က နေပြည်တော်ကမဟုတ်ဘူး"
"အင်း ကင်းဘာလုပ်မှာလဲဟင်"
အဝေးလူဆို ကျွန်တော်ကပိုအားသာတာပေါ့လို့ တွေးမိတယ်။ ကျွန်တော်နဲ့ဝေးချိန်လေး ကင်းစိတ်ကစားမိတာ ကင်းအပြစ်မှ မဟုတ်တာ။
"မသိဘူး ၊ သူကလည်း ငါနဲ့သိတာကြာပြီ၊ သူ့ကိုလမ်းခွဲလိုက်ဖို့လည်း သူမှာအပြစ်မရှိဘူး"
"ကိုယ်..."
ဘာပြောရမှန်းမသိအောင် ကင်းက ဟိုဘက်ကလူကိုပါ အားနာနေတယ်။ ကျွန်တော် ဘာလုပ်နိုင်မလဲ မသိတော့ပါ။ မခွဲနိုင်တာ သေချာနေသည်မို့ ကင်းစိတ်ကစားတာ ပျင်းသွားတဲ့အထိ လွှတ်ထားပေးရမှာပဲ။
"ကိုယ် ကင်းနဲ့မခွဲနိုင်ဘူး၊ ကင်း စိတ်ကစားတာပျင်းသွားတဲ့အထိ ကိုယ်လွှတ်ပေးမယ်နော်၊ ကင်း အဆင်ပြေသလိုလုပ်၊ ကိုယ်ချစ်တာ သိတယ်မို့လား"
ခေါင်းညိတ်အဖြေပေးလာသော ကျွန်တော့်ဘုရင်လေးက အံ့သြမှုများဖြင့်။ နှစ်ယောက်အတွဲခံတာ မဟုတ်ပါဘူး ။ ဒီတစ်ယောက်ကိုပဲ ချစ်တာကြောင့်ပါ။
"လာပါဦး ကိုယ့်ဆီကို ဖက်ရတာမဝသေးဘူး"
လက်ဆန့်ပေးထားသော ကျွန်တော့်ရင်ခွင်ထဲ လုံးကနဲပစ်ဝင်လာသော ဘုရင်လုံးလုံးလေး။ လွမ်းနေသော ခန္တာကိုယ်လေးကို ဖက်တွယ်ထားပေမယ့် နာကျင်မှုတော့ခံစားနေရတယ်။
VOCÊ ESTÁ LENDO
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...