Zawgyi
စာမေးပွဲပြီးညနေတည်းက တလျှောက်ဖုန်းဆက်နေသော အာကာ့ဖုန်းကို အခု၁၀နာရီထိုးသည်အထိ ရှင်းလျစ်လျူရှုထားလိုက်တယ်။ ပြောစရာရှိသော စကားကိုမပြောဘဲထားသည်ကို ရှင်းမကျေနပ်ပါ။ မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်ချင်မိ၏။
သောက်ကြစားကြနဲ့ ပွဲကမပြီးသေးပါ။ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သောကြောင့် ရှင်းတို့ကျောင်းသား၊ ကျောင်းသူတွေအတွက် နှုတ်ဆက်ပွဲမို့ အပြိုင်အဆိုင်ကဲကြသည်။ ရှင်းတို့အဆောင်တွင်လည်း ဘောက်ကြီးတွေချကာ သောက်ကြ၊ ကကြနဲ့ အပီအပြင်နှုတ်ဆက်ပွဲကျင်းပနေပါတယ်။
ရှင်းတို့နှင့်အပြိုင် အရှေ့မိန်းကလေးအဆောင်၌လည်း ဘောက်ကြီးများချကာ ပျော်ရွှင်စွာ ကနေကြ၏။ မိန်းကလေးတွေမို့ အဆောင်ရှေ့ထွက် ကနေကြလို့ အထင်မသေးရဲပါ။
မိန်းကလေးတိုင်း သူတို့ဘဝနဲ့သူတို့မို့ ဒီအချိန်ဟာ သူတို့အတွက် တစ်နှစ်မှတစ်ခါသာ ရရှိသောလွတ်လပ်မှုလေးကို အပြည့်အဝခံစားနေကြသူတွေပါ။ ဒီနေ့ကုန်ဆုံးပြီးလျှင် သူတို့နေသားကျနေရသော ပုံစံခွက်ဘဝများကို ပြန်သွားကြရမည့် သူတွေဖြစ်ကြ၏။
အရင်က မချစ်သေးတဲ့ အချိန်မျိုးဆို ရှင်းဖုန်းမကိုင်ဘဲနေနိုင်ပေမယ့် အခုမနေနိုင်ပါ။ ရှင်းမကိုင်မချင်းခေါ်နေမှာသိ၍ ကိုင်ရဦးမည်။ ချစ်မိလာသောအခါ လူတွေပြောင်းလဲတတ်ပုံက ရှင်းကိုယ်ရှင်းတောင် နားမလည်အောင်ထိ ချစ်ဖို့ဆုံးဖြတ်ထားမိတယ်လေ။
"အင်း"
"ကိုယ် ညနေကတည်းကဆက်နေတာ၊ ကင်းရာ ဘာလို့မကိုင်တာလဲ၊ ကိုယ်စိတ်ပူလိုက်ရတာ"
အလောတကြီး အားမရှိသောအသံဖြင့် ပြောလာသည့်အာကာ။
"ငါမအားဘူး သောက်ကြမှာပြောထားတယ်လေ၊ အခု အသံတွေကြားတယ်မို့လား၊ မင်း ငါ့အသံကြားရရဲ့လား"
"ကြားတယ် ကင်း၊ ကိုယ်စိတ်ပူတယ်လေကွာ၊ အရင်က သောက်မယ်ဆိုလည်း ဖုန်းတော့ကိုင်တယ်လေ၊ အခုက လုံးဝမကိုင်တဲ့အပြင် လိုင်းပေါ်လည်း မတွေ့တော့ ကိုယ်လိုက်လာတော့မလို့"
BINABASA MO ANG
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...