Part 19

663 70 12
                                    

Zawgyi

ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် မယုံနိုင်စွာ ချစ်ရသူကင်း၏ မျက်နှာတော်လေးကို အံ့သြစွာမော်ဖူးကြည့်ရသည်။

မျက်ဝန်းနက်နက်လေးလေးတွေက ပျော်ရွှင်နေသလို တောက်ပစွာ ကျွန်တော်အား စိုက်ကြည့်နေကာ ကွေးတက်နေသော နှုတ်ခမ်းဖူးလေးကြောင့် အိမ်မက်မဟုတ်ခဲ့ပေ။

'ချစ်တယ် အာကာ'ဆိုသောစကားကို တွဲလာသည့် ၁၁လကျော်မှ ကြားရသော်လည်း နာကျင်နေမှုများ မေ့လျော့သွားအောင် စွမ်းဆောင်နိုင်၏။

စကားတစ်ခွန်းဖြင့် ကမ္ဘာကြီးရပ်တန့်သွားသလိုမျိုး၊ အပြုံးလေးတစ်ခုဖြင့် ညှိုးငယ်နေသော စိတ်တွေပြန်လည်လန်းဆန်းလာသလိုမျိုး အချစ်ကြောင့် ရရှိသောပျော်ရွှင်မှုဆိုတာ ထိုသို့သောပျော်ရွှင်မှုမျိုးမှန်း ကျွန်တော့်ဘုရင်လေးက ခံစားဖူးအောင် လုပ်ပေးလိုက်သည်။

Hoodie အမဲရောင်လေးကို ခေါင်းစွတ်၍ ဝတ်ထားသော ကင်း၏ခေါင်းစွတ်လေးကို ဖယ်ချလိုက်ကာ မျက်နှာလေးအား လက်ဖြင့်ဆွဲယူလိုက်တော့သည်။

နှစ်ကြိမ်သာ စားသုံးခဲ့ဖူးသော နှုတ်ခမ်းနုနုလေးက အရိုင်းဆန်ချင်အောင် ဆွဲဆောင်နေတော့သည်။ အလိုက်သင့်ပြန်လည်တုန့်ပြန်ကာ ကျွန်တော့်ပေါင်ပေါ်တတ်လာ၍ လည်ပင်းကိုခိုတွဲလာသော လက်ကလေးတွေက ဆက်လက်စားသုံးနိုင်ရန် အားအင်တစ်ခုဖြစ်လာ၏။

အောက်နှုတ်ခမ်းသားဖူးလေးကိုတစ်လှည့် အပေါ်နှုတ်ခမ်းသားနုနုလေးအားတစ်လှည့်စီ အငမ်းမရ စားသုံးနေမိ၏။

ဖွင့်ဟပေးထားသော ခံတွင်းနွေးနွေးလေးကို လျှာဖျားလေးဖြင့် မွှေနှောက်ကစားမိသည်ကို ထပ်တူညီစွာကစားပေးသော ကျွန်တော့်ဘုရင်လေးကြောင့် ပိုချိုမြိန်နေတော့သည်။

ကျောကိုပုတ်လာသော လက်နုနုလေးကြောင့် မရပ်တန့်ခင်လေး အပေါ်နှုတ်ခမ်းလေးသားကို ခပ်ကြာကြာလေးစွဲစုပ်ထားပြီးမှ လွှတ်ပေးလိုက်သည်။

ပခုံးပေါ်ခေါင်းလေးစောင်းတင်ကာ မျက်လုံးလေးမှိတ် အမောဖြေနေသော ကင်း၏ အသက်ရှူသံပြင်းပြင်းလေးက သံစဉ်လေးတစ်ခုလို နားထောင်ကောင်းနေ၏။

နောင်တ/နောင်တ ( Completed)Donde viven las historias. Descúbrelo ahora