Zawgyi
ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လိုက်မှန်းမသိအောင် ကျွန်တော်ဖြစ်သွားတယ်။ ကင်းကို ရိုက်ဖို့လုပ်လိုက်မိတယ်။
ရွယ်မိသော ညာလက်ကိုကြည့်၍ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဒီလက် ဒီလက်...
ဒုန်း ဒုန်း ဒုန်း!!!
ကားစတီယာတိုင်ဖြင့် ဒီလက်ကို ထုရိုက်နေမိတယ်။ အံ့သြစွာ ကြည့်နေသော ကင်းမျက်နှာလေးကို ပြန်မြင်ယောင်လာ၍ ရင်တွင်းနာကျင်မှုက ပိုဆိုးဝါးလာသည်။
ကင်းက မှောင်မဲနေသော လမ်းကိုထပ်ထွက်သွားဖို့ လုပ်နေသည်မို့ စိတ်ကထိန်းမရခဲ့ပါ။ စိုးရိမ်စိတ်ဖြင့် အသိစိတ်လွတ်သွားခဲ့တာပါ။ နေပြည်တော်လမ်းတွေက ပုံမှန်လူပြတ်တာထက် ထိုလမ်းက ပိုလူပြတ်တယ်။
ဆိုင်ကယ်နဲ့လာရင်တောင် ရိုက်လုတာမျိုးရှိသည်မို့ တစ်ယောက်တည်းမသွားစေချင်သည်ကို ပြောမရ။ စိုးရိမ်စိတ်ကြောင့် လုပ်လိုက်မိရုံပါ။ နာကျင်လိုစိတ်မရှိခဲ့တာ အမှန်။
ရွယ်မိရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ်မုန်းမိတာ ရိုက်များရိုက်ခဲ့မိလျှင်၊ ကင်းအသားသာ တကယ်နာကျင်စေခဲ့မိလျှင်၊ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်မှာ မဟုတ်ဘူး။
မိုက်လိုက်တာ အာကာရာ မြတ်မြတ်နိုးနိုးနမ်းခဲ့ရတဲ့ မျက်နှာလေးကို ရိုက်ဖို့လုပ်ခဲ့ရတယ်လို့...
အားးးးး
ဒုန်း ဒုန်း ဒုန်း!!!ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် အပြစ်ပေးနေမိသည်။
×××××××××××××××××××
ဒေါက် ဒေါက်!!!"သားသား သားသား !! "
ကိုကြီးခေါ်သံကြားရ၏။ အပြင်ဘက်နေ ကားထဲ ပြူးကြည့်ကာ မှန်တံခါးခေါက်လိုက်၊ တံခါးဆွဲဖွင့်လိုက်လုပ်ရင်း ခေါ်နေသော ကိုကြီး။
Lock ဖွင့်ပေးတော့ တံခါးဆွဲဖွင့်ကာ စိုးရိမ်စိတ်တွေက မျက်နှာမှာ အထင်းသား။
"သားသား...ဘာမှမဖြစ်ဘူးမို့လား၊ ဖုန်းဆက်ပြောလာပေမယ့် အိမ်ပြန်လာမယ်ထင်ပြီး စောင့်နေတာ၊ အခု၁နာရီခွဲနေပြီမို့ ကိုကြီးလိုက်လာတာ"
YOU ARE READING
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...