Part 4

800 72 5
                                    

Unicode

ရှင်းအခန်းထဲမှ ထွက်ပြီး ငရန်ကိုပဲ ဆွဲခေါ်ရမလား ၊ မဆိုင်သလိုနေလိုက်ရမလား ၊ ဘာလုပ်ရမှန်းကိုမသိတော့ ။ ငရန်နဲ့သူ့အမေ အော်ကြီးဟစ်ကျယ်စကားများနေသည်မှာ အတော်ကြာပြီ။

ပြောချင်တာပြောပြီ အော်ချင်တာအော်နေကြ၏။ မိန်းမယူတဲ့ကိစ္စတွေ တင်တောင်းတုန်းက ငွေကုန်တာတွေပါ,ပါလာတော့ ငရန့်အသံပို,ပိုကျယ်လာလိုက်၏။ ရှင်းဆွဲခေါ်မှဖြစ်မယ်ထင်သည် ။

၉နာရီလည်း ထိုးနေပြီ ။ ပတ်ဝန်းကျင်လည်း ရှိသေး၏။ ဝန်းထမ်းတိုက်တွေက အော်ကြီးဟစ်ကျယ်ဆို အကုန်ကြားနေရတာ ဆူဆူညံညံသိပ်မရှိကြ ။

တော်တော်ရန်ဖြစ်နိုင်တဲ့ သားအမိတွေ ၊ ရှင်းလည်းအမေနဲ့ တစ်ယောက်တစ်ခွန်းစကားများဖူးပေမယ့် သူတို့လောက် အသံမကျယ် ၊ အကြာကြီး မဖြစ်ဖူးဘူး ။

ဝုန်း!!!

ဒုန်း ဒုန်း ဒုန်း!!!

ငရန် တံခါးကို ဆောင့်ပိတ်ပြီး computer တင်ထားတဲ့ ခုံကို ရိုက်နေ၏။ ရှင်းဘာလုပ်ရမှန်းတောင်မသိ ။

သူ့အသား မနာဘူးလား ၊ ဘာလို့ ကိုယ့်ဘာသာအနာခံလုပ်နေတာလဲ စဉ်းစားမရ ကြောက်လည်း ကြောက်သည် ။

တစ်ခါမှ ကိုယ့်ကိုကိုယ့်အဲလို အသားနာခံပြီးလုပ်တာမမြင်ဖူးဘူး ။ ဝင်လည်းမဆွဲရဲဘူး ။ သူ့စိတ်ကပုံမှန်မှမဟုတ်တာ ၊ တော်ကြာ ရှင်းပါထိနေမှဖြစ် ရှင်းက ရှင်းအသားနာမှာ အသေကြောက်သည် ။

အသားနာရင်လည်း သီးမခံနိုင်ဘူး ။ ဝင်ဆွဲလို့ထိမှ သူ့ကိုစိတ်မထိန်းနိုင်ဘဲ လုပ်မိလျှင် ပြသာနာနောက်တစ်ခုဖြစ်ဦးမည် ။ လက်က ရိုက်နေတာ ကြာရင်ဒဏ်ဖြစ်နေမည် ။

"တော်တော့ငရန် ၊ ဘာလို့အသားနာခံနေတာလဲ၊  စိတ်အေးအေးထာစမ်းပါကွာ ၊ စိတ်ကြီးနေလည်း ဘာမှမထူးဘူး"

" ------- "

"ဟျောင့် ငါပြောနေတယ်လေ တော်တော့"

အသံကျယ်ကျယ်အော်ပေးလိုက်မှ ငြိမ်ကျသွားသည် ။ ကုတင်ဘေးထိုင်ချလိုက်ပြီး စကားပြောဖို့အားယူနေပုံ ၊ လက်တွေလည်း  နီရဲလို့ ၊ မျက်နှာဆိုလည်း ဒေါသကြောင့် ရဲတင်းနေတာ  ၊အတော်စိတ်ကြီးတဲ့ကောင် ပြောစကားတော့ နားထောင်သား ၊ ငြိမ်ကျသွားသည်။

ေနာင္တ/နောင်တ ( Completed)Donde viven las historias. Descúbrelo ahora