Part 5

778 78 1
                                    

Unicode


တိတ်ဆိတ်လွန်းသည် ။ ညဘက် အကောင်လေးတွေ၏အော်သံ ၊ လေတိုက်တိုင်းယိမ်းနေတဲ့ အပင်အသံတွေ သာကြားရသည် ။ ည တစ်နာရီခွဲအချိန်ဟာ တိတ်ဆိတ်နေသည်က ပုံမှန်အနေထားတစ်ခုပေမဲ့ ရှင်းအတွက်တော့ ပိုတိတ်ဆိတ်နေ၏။

အချိန်ကုန်သည်က နှေးလွန်းတယ်ထင်ရ၏။ ရင်ထဲမှာ ဘာမှမဖြစ်ပါစေနဲ့ ၊ မသိပါစေနဲ့ စကားတွေကိုသာ အထပ်ထပ်ဆုတောင်းနေမိသည် ။

မှောင်မဲနေတဲ့အခန်းထဲ အလင်းရောင်တစ်ခု ရှင်း ဖုန်းကိုင်ထားတဲ့လက်က အလင်းလေး ...

Phyoe ဆိုသော နာမည်နှင့်င်လာသော အလင်းလေးက ပတ်ဝန်းကျင်ကိုပဲ လင်းစေသည်မဟုတ်။ ရှင်းမျက်နှာလေးကိုပါ ဝင်းပလင်းလက်အောင် စွမ်းဆောင်နိုင်သည် ။

အရင်လိုဈေးကိုင်ပြီး အဝင် Call ကို ထိုင်ကြည့်မနေနိုင်တော့ ချက်ချင်းကောက်ကိုင်လိုက်သည် ။

"ဟယ်လို ဖြိုး"

"ကိုယ်တောင်းပန်ပါတယ် ရှင်း ၊ ဖုန်းက ညနေကတည်းက အားကုန်လို့ပိတ်သွားတာ ၊ ညနေလက်ဖက်ရည်ဆိုင်မှာ စကားပြောကြရင်း ဆယ်နာရီလောက်မှ ပြန်ရောက်တော့ ရောက်,ရောက်ချင်းအားသွင်းမို့ရှာတာ ၊ အားသွင်းကြိုးပျောက်သွားလို့ အခုမှတွေ့လို့ တွေ့,တွေ့ချင်းအားသွင်းရင်း ရှင်းဆီ ဆက်လိုက်တာပဲ"

ရှင်းကို စ,စချင်းစကားတွေနှင့် တောင်းပန်ရှင်းပြနေတဲ့ ဖြိုးအသံက တကယ်ကို အလောတကြီးနဲ့ပါ ။ အဆုံးသက် လေရှုထုတ်လိုက်တဲ့ အသံ သဲ့သဲ့လေးပါကြားလိုက်ရ၏။ အခုမှ စိတ်သက်သာရာရသွားပုံပဲ ၊ ရှင်းရော ဘာထူးလဲ ရင်ထဲက အလုံးကြီးကျသွားသလို နေသာထိုင်သာရှိသွားရသည် ။

"ရှင်း စိတ်မဆိုးပါနဲ့နော်"

ရှင်းပြန်မပြောတော့ စိတ်ဆိုးသွားတယ်ထင်နေသည် ။

"ရှင်း စိတ်မဆိုးပါဘူး ၊ ရှင်းက ရှင်း"

"ကိုယ်သိတယ် ၊ စိတ်ပူစေမိတာ တောင်းပန်ပါတယ်ကွာ"

"ဟုတ် ၊ အခုအားသွင်းရင်းပြောနေတာလား"

"ဟုတ်တယ် ရှင်း"

ေနာင္တ/နောင်တ ( Completed)Tempat cerita menjadi hidup. Temukan sekarang