Part 2

1.5K 97 3
                                    

Zawgyi

🎵တီတီ🎵

"ဟားးးး"

မက်ဆေ့ ဝင်သံတစ်ခုနှင့်အတူ ရှင်းရဲ့ရယ်သံကြောင့် စကားတွေများနေသော အခန်းတွင်း တိတ်ဆိတ်သွားစေသည် ။ စကားပြောနေသူ ရန်နိုင်၊အောင်ခိုင်နှင့် ဆုထက်တို့၏ အကြည့်က ရှင်းဆီ စုပုံလာ၏ ။

သူတို့အကြည့်က ဘာဖြစ်တာလဲဆိုတဲ့ အကြည့်မဟုတ် ။ ရူးသွားတာလားဆိုတဲ့ အကြည့်ဖြစ်သည်  ။

"ရူးသွားတာလား မသာ"

"ဟုတ်ပါ့ ဆုဆုရယ် ၊ ငရန် မင်းအိမ်မှာထားပြီး ဆေးလှုပ်မတိုက်ဘူးလား "

"ငါလည်း တိုက်ပါတယ် ၊  အောင်အောင်ရာ သူကိုက ဆေးမမှီတော့တာ ၊ အခုလည်းကြည့် ဖုန်းကြည့်ပြီးရယ်နေတာ"

သူတို့သာ တစ်ယောက်နဲ့တစ်ယောက်ပြောနေသော်လည်း ရှင်းစစ်တစ်ယောက်က ဖုန်းကိုပဲ ကြည့်ပြီး မျက်နှာပိုးက မသေသေး ။ သူတို့ပြောသည်များ မသိတာလည်း ဖြစ်နိုင်သည်။

အ!!!

လက်မြန်သော ရန်နိုင်လက်ချက်ပါပဲ ။ ရှင်းစစ် ဇာတ်ပိုးအုပ်ခံလိုက်ရခြင်း ။ ထိုမှသာ ရှင်းစစ်အာရုံက စိုက်ကြည့်နေတဲ့ သူတို့ဆီ အာရုံရောက်လာသည်။

"ဘာလို့ရိုက်တာလဲ ငရန်ရ"

"သြော်...မင်းကမေးရတယ်ရှိသေး၊  ရုတ်တရက်ထရယ်ပြီး ငါတို့ပြောတာ အာရုံမရဘဲ ဖုန်းကြည့်ပြီး မျောက်ရုပ်ဖြစ်နေတာလေ"

"ဟားးးးဟားးး"

"တော်ရုံရယ် မသာ ၊ ရယ်ရင်းသေသွားဦးမယ်"

ဟားးး!!!
အားရအောင်ရယ်ပြီးမှ အောင်အောင်က...

"တော်တော် ဖုန်းကြည့်ပြီးမင်းဘာအရူးထဖြစ်လဲပဲပြော ၊  လိုရင်းကိုမရောက်ကြဘူး "

"ဒီမှာ ကြည့်"

သုံးယောက်သားကြည့်ဆိုသည့်နှင့် ရှင်းရဲ့ Samsaung ဖုန်းမှန်ကွဲလေးဆီကို အသဲအသန်အမဲဖြတ်သလိုကြည့်ကြတော့သည်။

မက်ဆေ့လေးတစ်စောင်က အတိအကျဆိုလျှင် လွန်ခဲ့တဲ့နာရီဝက်ကမှ ရှင်းဖုန်းဆက်ပြီး ကြောင်တောင်တောင်လုပ်ထားသော ဖုန်းနံပါတ် တစ်ခုဆီမှ။

နောင်တ/နောင်တ ( Completed)Место, где живут истории. Откройте их для себя