Unicode
ခွမ်း!!!
မဖြစ်နိုင်တာ ၊ ရှင်း ဒီလောက်သတိထားနေထိုင်သည် ။ အဲလို သိသာစရာအကြောင်းမရှိဘူး ။ မဟုတ်ဘူး ။
ရှင်းလက်မှ ကျကွဲသွားတဲ့ ဖန်ခွက်လေးက ရှင်းကိုလှောင်ရယ်နေသလို ၊ တုန်ယင်နေသော လက်လေးက ရှင်းအားကိုးရာမဲ့နေသလိုပင်။
ရှင်း အတွေးများနေရသည်။
"ဟျောင့် ဟာ ...ဖယ် ဖန်ကွဲစတွေ ရှမယ်"
ငရန်က ရှင်းကိုဆွဲခေါ်ကာ ထိုင်ခုံမှာထိုင်ခိုင်း၏။
"ဘာဖြစ်တာလဲ"
ဖန်ခွက်ကျသွားသံကြောင့် ကောင်းကောင်းရောက်လာသည် ။
"ဖန်ခွက်ကျ ကွဲတာ"
ဖန်ခွက်ကွဲစတွေ ကောက်နေရင်း ငရန်ကလှမ်းပြော၏။
ငရှင်းကို ကြည့်တော့လည်း မျက်နှာကဖြူဖက်ဖြူရော်နဲ့ ထိုင်ခုံမှာမလှုပ်မရပ် ထိုင်နေသည်။
"ဘာဖြစ်နေတာလဲ ငရှင်း"
သူ့ကို By name တပ်ခေါ်မှ သတိဝင်လာသလို မော့ကြည့်သည် ။ တစ်ချက်သာကြည့်ရင်း ငရန်ကို တွေ,တွေကြီးကြည့်နေပြန်ရော...
"ငရန် သူကဘယ်လိုပြောလဲ ပြန်ပြော"
ဟင်းးး
ငရန်က သက်ပြင်းချလျက် ငရှင်းဘေးက ခုံမှာဝင်ထိုင်သည် ။
"မေးတာကွာ ၊ မနေ့က ခဏခဏမေးနေတာ 'ရှင်းနဲ့ဘယ်လိုသိလဲရော ၊ ဘယ်မှာလဲနေရော ၊ အခုချိန်ဘာလုပ်နေမလဲရော' အစုံပဲ "
"ဒါ...ဒါဆို ဖြိုးက သိသွားတာပေါ့ ၊ ဟုတ်လားဟင်"
မျက်နှာငယ်လေးနဲ့ ငရန့်ကို မေးနေသော ငရှင်းအား ကြည့်ရင်း ကောင်းကောင်းစိတ်မကောင်းပေ ။
ငရှင်းလည်း ရိပ်မိလိမ့်မယ် ဘယ်ထင်ထားပါ့မလဲ...
"ငါထင်တာ ပြောတာလေကွာ ၊ ရိပ်မိလို့မေးတာပေါ့ အဲလိုခဏခဏ"
"ငါ အနေအထိုင်အရမ်းသတိထားခဲ့တာလေ"
ဟုတ်ပါတယ် ။ ငရှင်း ပုံမှန်ကောင်းကောင်းတို့ကို ဆက်ဆံသလို အပိုအလိုမရှိ ဆက်ဆံပြောဆိုခဲ့တာ ။
YOU ARE READING
ေနာင္တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...