Zawgyi
ဒီလမ်းကို ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး ရှင်းမလာခဲ့ဖူးပါ။ နောက်နှစ်ရက်ဆို ရှင်းကျောင်းသွားတက်ရမယ်။ အာကာအမေက 'မသွားခင်လာခဲ့ပါဦး သားရေ'ဆိုလို့ ရှင်းကိုယ်တိုင် ဆိုင်ကယ်မောင်းလာခဲ့ခြင်းပါ။
နေ့လယ် ၁နာရီမို့ နေပူတော်ဆိုသည့်အတိုင်း ပူလွန်းလှတယ်။ ရှင်းချစ်သူ အာကာကတော့ ကိုကြီးအလုပ်မှာ လုပ်နေပြီမို့ ရှင်းသူ့ကိုမပြောဘဲ ကိုယ်တိုင်ဆိုင်ကယ်မောင်းလာခြင်းပါ။
အာကာ့အိမ်ရောက်တော့ အန်တီက ထွက်ကြိုတယ်။ တင့်တယ်လှပသော အမျိုးသမီးတစ်ယောက်ဆိုတာ အန်တီလိုလူမျိုး။ ဝတ်လိုက်လျှင် မြန်မာအင်္ကျီတွေကြီးပဲမို့ အမြဲကျက်သရေရှိလှတယ်။
"သား လာ...အန်တီကစောင့်နေတာ"
"ဟုတ်"
အန်တီခေါ်ရာ ဧည့်ခန်းထဲသို့ လိုက်လာခဲ့တယ်။ ရှင်းကို လှမ်းကြည့်နေသော မိန်းကလေးတစ်ယောက်။ ပိုက်ဆံရှိသားသမီးမှန်း ပေါ်လွင်နေအောင် ဝတ်ထားသော အဝတ်အစားနှင့် ပြင်ထားသည့် မျက်နှာက ရိုးရိုးလေးနဲ့ လှတယ်လို့ ယူဆလို့ရသည်။
"လာထိုင် သား"
"ဟုတ်အန်တီ၊ ဟိုဧည့်သည်ရောက်နေတာဆိုတော့ ကျွန်တော်အပေါ်တက်နေရမလား"
ရှင်းကိုယ်တိုင်လည်း သူစိမ်းတွေနဲ့ စကားမပြောချင်ပါ။ သူများ ကိစ္စတွေလည်း မသိချင်တာမို့ ဖယ်ပေးသင့်တယ်လေ။
"ဧည့်သည်မဟုတ်ပါဘူး၊ နောက်ဆိုမိသားစု ဖြစ်လာတော့မှာ၊ ဟုတ်တယ်မို့လား သမီး"
အန်တီ့အပြောမှာ ရှက်သွားသော သူမက မျက်နှာလေးနီးမြန်းလျက်။ အိမ်သားဆိုတော့ ကိုကြီးကောင်မလေးထင်တယ်။ ကိုကြီးမှာရှိတာ အာကာပြောပြလို့ ရှင်းသိထားတယ်။
"သမီး ဒါသားသားသူငယ်ချင်းလေ ရှင်းစစ်ထွန်းတဲ့၊ သားလေး ဒါမေသဇင်ဦးတဲ့ သားသားနဲ့သသောတူထားတဲ့သူ"
"မောင်လေးလို့ ခေါ်လို့ရတာပေါ့၊ အာကာထက် မမက ကြီးတယ်"
ရှင်းမှာ အံ့သြသွားသလောက် အန်တီနဲ့သူမက ပုံမှန်လိုပင် ။ သားသားနဲ့သဘောတူထားတာဆိုတော့ အာကာနဲ့လား ။ ဒီအိမ်မှာ သားသားလို့ခေါ်တာ အာကာအပြင် တခြားတစ်ယောက်ရှိသေးတာလား။
VOCÊ ESTÁ LENDO
နောင်တ/နောင်တ ( Completed)
RomanceZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...