Part 21

594 67 18
                                    

Zawgyi

ဈေးဝယ်ခြင်းကို ကိုင်၍ ရှင်းဘေးမှာ ကပ်ရပ်လိုက်လာသော အာကာသည် မလိုအပ်ဘဲ ၊ ဒီနေ့မှ အရမ်းကြည့်ကောင်းနေ၏။

ညစာကို YKKO ကြေးအိုးသောက်ချင်လို့ Juction ကို လာမိသည့် ရှင်းမမှားပါ။

အခုတော့ မျက်လုံးတော်တော်များများက အာကာဆီတွင်သာ။ ဘေးက ချစ်ဖို့ကောင်းနေတဲ့ ရှင်းကိုမမြင်ကြသလိုပင်။

တွေ့တဲ့မုန့်ကို သူကိုင်ထားသော ခြင်းထဲကောက်ထည့်လိုက်သည်။ လူမြင်ကွင်းထဲ လက်ကိုင်ဘာညာနဲ့ ပိုင်ဆိုင်ကြောင်းပြချင်ပေမယ့် ရှင်းမလုပ်ချင်တာမို့ ဒီထဲကနေ အမြန်ထွက်ပြီး game city ထဲသွားရမယ်။ gameဆော့တဲ့ နေရာမှာဆို ကလေးတွေပိုများမှာလေ။

"ကင်း"

စကားမပြောချင်လို့ မေးငေါ့သာပြလိုက်တယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ဆိုင်ထိုင်တယ်ဆိုပြီး နေ့လယ်တည်းက ဝတ်သွားတဲ့ အဝတ်အစားကို တခြားသူတွေ ရှင်းထက်အရင်မြင်ပြီးလောက်ပြီ။

အရက်မသောက်ဘဲ ဆိုင်ထိုင်စရာကို မလိုတာ ၊ အဲလောက်ဝတ်စားသွားစရာလည်း မလိုဘူးလေ။

"ကင်း ဒီအချဉ်ထုပ်တွေ မစားဘူးလေ"

ထည့်လိုက်မှန်းတောင်မသိလိုက်တဲ့ မရမ်းသီးအချဉ်ထုပ်ကြီးကို ပြပြီး ကြောင်တောင်တောင်ရုပ်နဲ့ ပြောနေသော သူတောင်းစားက ပိုပြီးကြည့်ကောင်းသွားသလိုပဲ။

ဂျင်းဘောင်းဘီအဖြူကို အောက်ခံတီရှပ်အဖြူ၊ အပေါ်ထပ်အဖြူလက်ရှည်နဲ့ အသားပါအဖြူ ၊ တစ်ကိုယ်လုံးအဖြူဆိုတော့ နတ်သားတစ်ယောက်လို တောက်ပချောမောနေတယ်။

"အရင်က မစားတာလေ၊ အခုစားတယ် ဘာလဲ...မကျွေးချင်လို့လား"

"မဟုတ်ပါဘူး ကိုယ့်က..."

"တော်ပြီ ပိုက်ဆံရှင်း၊ game သွားဆော့မယ်"

အရှေ့ကနေ ကောင်တာကို ဦးဆောင်သွာလိုက်တယ်။ ကြည့်ချင်တဲ့သူ ကြည့်ပါစေပေါ့ ။ သူက ရှင်းအပိုင်လေ။

မျက်လုံးနဲ့ပဲ ကြည့်ရမှာ ၊ ရှင်းကလွဲပြီး ကျန်တာကြည့်တဲ့သူမဟုတ်ဘူးလေ သူက။ ခပ်ချေချေပဲ...

နောင်တ/နောင်တ ( Completed)Donde viven las historias. Descúbrelo ahora