Part 16

618 56 24
                                    

Zawgyi

ကျွန်တော့်ဘုရင်လေး အပြုံးကိုဖန်ဆင်းနိုင်သူ ဒီလူကကျွန်တော်အားကျရသူ လူတစ်ယောက်အဖြစ် ပထမဆုံးဖြစ်ပေါ်လာခဲ့ပြီ။

"ဘုရားကန်တော့ပြီးပြီလား ရှင်း"

"ကန်တော့ပြီးပြီ ဖြိုး"

ကင်းအား ကြည့်၍ပြုံးပြနေသော ထိုလူက ကျွန်တော်ကို ရှိတယ်လို့တောင်မသတ်မှတ်သလို ကြည့်မလာခဲ့ပေ။ ချက်ချင်းအဖြေပေးကာ ပြုံးရွှင်နေသော ချစ်ရသူ။ သူတို့နှစ်ယောက်ကြား ကျွန်တော်က လူပိုတစ်ယောက်ပမာ...

"ကန်တော့ပြီးလည်း ထပ်ကန်တော့လိုက်ပါလား၊ ကိုယ့်မှာ ဒီပန်းစည်းပိုနေလို့၊ Happy birthday ရှင်း"

အခုမှမြင်မိသည့် နှင်းဆီအနီရောင်များသာပါသော ပန်းစည်းကိုပေး၍ မွေးနေ့ဆုတောင်းစကားဆိုလာသည့် ထိုလူကြောင့် ကင်းအပြုံးတွေက ပိုတောက်ပနေတော့တယ်။

လှလိုက်တာကင်းရယ် ။ ကိုယ့်အတွက်မဟုတ်ပေမယ့် ဒီလိုအပြုံးလေးတွေနဲ့ သိပ်လှတယ် ကင်း...

"ကျေးဇူး ဖြိုး"

"အင်း ကိုယ်သွားတော့မယ်နော်"

"အင်း"

ကိုယ့်ကို မေ့သွားနေတတာလား ကင်း။ ထွက်သွားသူကို ကြည့်နေသူလေးက ပြုံးလျက်ပါပဲ။

"ကင်း"

ခေါ်သံကြားမှ ကျွန်တော့်ကို မျက်နှာပျက်ယွင်းစွာ ကြည့်လာ၏။ အားတင်းပြုံးပြကာ...

"ပန်းသွား လှူလိုက်လေကင်း"

ခေါင်းညိတ်၍ ထွက်သွားသူလေးကို ကြည့်နေရသူ ကျွန်တော်က အပြစ်ရှိလို့များလားတွေးမိ၏။ ဝဋ်ကြွေးခံနေရသလိုမျိုးပါ။ သာယာနေသော ကောင်းကင်ကြီးက ကျွန်တော်တစ်ယောက်တည်းအတွက် ချက်ချင်းမဲမှောင်သွားသလိုပင်။

တစ်နေ့ကုန်အပြုံးမပျက်ခဲ့ပါ။ ကင်းကလည်း မသိသလိုနေသည်လား၊ ဂရုစိုက်စရာမလိုဘူးထင်သည်လား မမှန်းတတ်အောင် ပုံမှန်အတိုင်း ဆက်ဆံလေ၏။

ကင်းတိုက်ရှေ့ ကားရပ်လိုက်သည့်နှင့် ည၈နာရီထိတစ်နေ့လုံးလည်ပတ်ထားသည်မို့ ပင်ပန်းနေပုံပေါ်နေသော ကင်းမျက်နှာလေးအား ကြည့်ရင်း...

နောင်တ/နောင်တ ( Completed)Onde histórias criam vida. Descubra agora