Zawgyi
ဆည်းဆာနေဝင်ချိန် ပုဇွန်ဆီရောင်ညနေခင်းလေးမှာ ဝန်ထမ်းအများစုနေထိုင်ရာ နေပြည်တော်မြို့လေးတွင် အိပ်တန်းပြန်ရာ ငှက်ကလေးများသည် ကောင်းကင်ပေါ်၌ စုဝေးစွာ ပျံသန်းနေသလို မြေပြင်ပေါ်၌လည်း အိမ်ပြန်နေသူများကို ကားများ၊ဆိုင်ကယ်များနှင့် အများအပြားရှိနေကြသည်။
တိတ်ဆိတ်နေသော တိုက်လမ်းကြားတစ်ခု၌ အနက်ရောင်ကားလေးထဲမှ စကားသံတစ်ချို့နှင့်ရယ်သံတစ်ချို့ ကြားနေရသည်။
ကားနောက်ခန်း၌ ကားတံခါးကိုကျောမှီထား၍ ခြေဆင်းထိုင်နေသော အာကာသည် သူ့ရင်ခွင်ထဲမှ ဖုန်းသုံးနေသော ရှင်းစစ်အားဖက်ထားလျက် ပြုံးပြုံးကြီးထိုင်နေသည်။
ကျွန်တော်ဖက်ထားရာ ရင်ခွင်ထဲတွင် ဖုန်းသုံးလျက် ကျွန်တော်တို့ One year anniversary မှာ ဘယ်သွားရမှန်းမသိဖြစ်နေသော ကျွန်တော့်ကင်းလေး။
"ခရစ္စမတ်နေ့ဆိုတော့ နေရာတော်တော်များများမှာ လူများနေမှာ ကို၊ ငါရုပ်ရှင်မကြည့်ချင်ဘူး ဘယ်သွားကြမလဲ"
"ဒါဆို ကိုယ်တို့ဘယ်မှမသွားဘဲ အခန်းထဲမှာ တစ်နေကုန်နေကြမယ်လေ"
ကျွန်တော်စကားကြောင့် မျက်လုံးလှန်ကြည့်ကာ မျက်နှာလေးမဲ့သွားသော ကင်း။
"အခန်းထဲက မင်းထွက်ဦးမှာလား၊ ၁ရက်မှာ ၂၄နာရီလောက် အခန်းထဲမှာနေပြီး ထန်ချင်နေတဲ့အကောင်"
"ဟားးး အဲလောက်မဟုတ်ပါဘူးကွာ၊ ကိုယ်ကချစ်လို့ပါ"
စိတ်တိုလာလျှင် မင်းဖြစ်သွားတတ်သော ကင်းရဲ့အကျင့်လေးကိုလည်း ချစ်ရပြန်သေး။ အသွေးအသားပေါင်းစပ်ပြီးသည့်နောက်ပိုင်း ကင်းမြင်လျှင်ကိုပင် ဖက်နမ်းချင်စိတ်၊ ထွေးပွေ့ချင်စိတ်တွေက အမြဲဖြစ်ပေါ်တော့တယ်။
"အေး...အဲအပြောနဲ့ ဒီရက်၂၀ကျော်အတွင်း မင်းအိမ်နဲ့ငါအိမ်မှာ ညနက်ခဲ့တဲ့နေ့တွေက မနည်းတော့ဘူး၊ anniversary နေ့မှာပါ ထန်ချင်မနေနဲ့"
"အဲနေ့ကို ပိုချစ်ရမှာလေ ကင်းလေးရဲ့"
ဖုန်းကြည့်၍ ပြောနေသောကင်းရဲ့ မေးစေ့လေးကို လက်ဖြင့်ဆွဲမော့ရင်းပြောတော့ လက်ကိုပုတ်ချကာ မျက်စောင်းထိုးတာလေး ခံလိုက်ရ၏။
CZYTASZ
နောင်တ/နောင်တ ( Completed)
RomansZawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ... ပြန်မရနိုင်တော့တဲ့စိတ်ပျော်ရွှင်စရာများ... __________________________________ Unicode မချစ်တတ်ခဲ့တဲ့အက...