Part 12

543 61 5
                                    

Zawgyi

ကျွန်တော်မြတ်နိုးရသည့် ကင်းလက်သွယ်သွယ်ဖောင်းဖောင်းလေးကိုကြည့်၍ ကြည်နူးမဆုံးပါ။ ကျွန်တော်လက်သန်းကြွယ်မှာ စွတ်ထားသည့် လက်စွပ်လေးနှင့်ဆင်တူ ကင်းလက်ခလယ်လေးမှာ စွတ်ထားသော လက်စွပ်လေးက ကျွန်တော်ကင်းဘဝမှာ နေရာတစ်ခု ရရှိနေမှန်း ဖော်ပြနေတယ်။

ချစ်သူများနေ့က ပေးတဲ့ လက်ဆောင်လက်စွပ်လေးကို လက်ခံပေးရုံနှင့် ကျေးဇူးတင်မဆုံးခဲ့ပါ။ ချောကလက်ပါစားရတော့ ဒီလူက ခပ်မြောက်မြောက်ဖြစ်သွားသေး။

ငွေဖြူကိုအကျစ်အထူးသားနှင့် အလယ်မှာ စိန်ပွင့်လေးတစ်ခုသာပါသည့် လက်စွပ်လေးက ရိုးရိုးလေးမို့ ယောက်ျားလေးမို့ ကျွန်တော်တို့နှစ်ယောက်အတွက် အဆင်ပြေသည်။

အာကာနှင့် ရှင်းစစ်တို့၏ နေရာလေးအဖြစ် သတ်မှတ်ထားသော တိုက်လမ်းကြားလေးတွင် အနက်ရောင်ကားလေးတစ်စီး ရပ်ထားလျက်။ ထိုကားထဲနောက်ခန်း၌ ယိုးဒယားသင်္ဘောသီးထောင်းစားနေသော ရှင်းစစ်ကို အရိပ်တကြည့်ကြည့် ထိုင်ကြည့်နေသောအာကာ ။

မျက်နှာချင်းဆိုင် ထိုင်၍ အစပ်ကို အားရပါးရစားနေသော ကျွန်တော်ချစ်ရသူ ကင်း။

"အိမ်က တွေ့ဖို့ခေါ်ခဲ့ပါဦးတဲ့"

စားနေရာက မျက်လုံးလေးလှန် ကြည့်လာသော ကျွန်တော့်ဘုရင်လေးက စက်နှိုးပြီး aircon ဖွင့်ပေးထားသည့်ကိုပင် ချွေးတွေစို့လို့။ အစပ်ကြောင့် မျက်နှာလေးကရဲနေသေး နှာခေါင်းထိပ်လေးဆို ပိုရဲ၍ ကိုက်ချင်စရာ။

"မင်းအိမ်ကလား"

"အင်း"

တစ်ရှူးယူပြီး ချွေးသုပ်ပေးတော့ မျက်လုံးမှိတ် မျက်နှာလေးထိုးပေးနေသေး၏။ ဟက်...ငပျင်းလေး။

မွ !!!

ဇိတ်ခံနေသော ငပျင်းလေးနဖူးကို တစ်ချက်နမ်းလိုက်တော့ မျက်လုံးဖွင့် မျက်စောင်းခဲခံရ၏။

"ရရင် ရသလိုနမ်းနေတာ"

"ဟားးး အခွင့်ရေးကို အသုံးချတတ်တာပါကွာ"

"အေး အခွင့်ရေးသမားကောင်"

"ကင်းနော်...ကိုယ်က ကင်းထက် တစ်နှစ်ကျော်
ကြီးတယ်"

နောင်တ/နောင်တ ( Completed)Место, где живут истории. Откройте их для себя