Part 9

691 68 15
                                    

Zawgyi

၂၀၁၆,ဒီဇင်ဘာ

နေမင်းကြီးက အနောက်ရပ်သို့ တာဝန်ချိန်အဆုံးသတ်ရန် နေဝင်ခြင်း အလုပ်ကိုကြိုးစားလုပ်ဆောင်နေသည်။ နေမင်းကြီးနှင့် အပြိုင် Honda fit အနက်ရောင်ကားလေးသည် လိုရာခရီးကို သွားနေလေ၏။

ထိုကားလေးထဲ မောင်းသူဘေးခြမ်းတွင် ထိုင်သောကောင်လေးတစ်ယောက်သည် အလုံပိတ်မှန်ထဲကနေ အပြင်ဘက်ကိုအကြောင်းမဲ့ ငေးကြည့်နေသည်။

ထိုသူက အသက်၂၂နှစ်အရွယ်ကောင်လေး ရှင်းစစ်ထွန်း။

ရှင်း အခုဆို စီးပွားစီမံဒုတိယနှစ် အဝေးသင်တက်ပြီးတာ တစ်လလောက်သာရှိသေးသည်။ ၁၀တန်းအောင်တော့ အလုပ်မျိုးစုံကိုဝင်လိုက်ထွက်လိုက်နဲ့ အခုတက္ကသိုလ်ကပြန်တာ မကြာသေးတော့ အလုပ်လက်မဲ့ပါ။

ဖြိုးနဲ့ ရှင်းက တစ်ခါတေလ လမ်းမှာတွေ့လျှင် နှုတ်ဆက်ကြတဲ့ မိတ်ဆွေတွေလို ပြုံးပြနိုင်သည့် အနေထားက လူနှစ်ဦး။ ဖြိုးအမျိုးသမီးက လှပထက်မြတ်သူတစ်ယောက်ပါ။

Facebook friendမို့ ဖြိုး၏ ဂရုစိုက်ချစ်ပုံတွေကို ဖြိုးအမျိုးသမီးတင်၍ တွေ့နေရသည်။ ရှင်းအချစ်ဦးက ယောက်ျားကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်မှာ မမှားခဲ့ပေ။

အချစ်ဦး ဖြိုးကို ရှင်း ချစ်သည်။ အခုထိ နောက်တစ်ယောက်မရှိခဲ့။ မချစ်နိုင်သေး။ ဖြိုးလောက် ရှင်းအပေါ်ဂရုစိုက်၊ ပျော်ရွှင်စေသူ မတွေ့သေး။ ဖြိုးအကြောင်းများ တွေးမိရင်ရှင်းကို အမြဲပျော်ရွှင်စေတာ အခုချိန်ထိပင်။

မှန်အပြင်ဘက် ငေးနေသည့် ရှင်းစစ်အပြုံးလေးက လှပအသက်ဝင်လွန်းလှသည်။ထိုလူသားကို ကြည့်နေသူက မမြင်ဖူးသည့် အပြုံးကို ရင်ထဲမှတ်ထားလိုက်တာတော့ ရှင်းမသိခဲ့ပေ။

ကားမောင်းသူနေရာက ထိုသူ ရှင်းပထမဆုံးထားဖူးသည့် ရည်းစား ဒီဇင်ဘာ ၂၅မှ အဖြေပေးထားသူ။ အခုရည်းစားသက်တမ်း ၆ရက်သာရှိသေးတယ်။ ထိုသူကိုသိတာ ၅လကျော်လောက်ပေမယ့် အဖြေပြန်ပေးခဲ့တယ်။ ချစ်လို့တော့ မဟုတ် တွဲကြည့်တာ။

အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကို စိတ်ထဲထည့်ထားတာ မှန်ကန်တဲ့လုပ်ရက် မဟုတ်ဘူးလေ။ ရှင်းစိတ်ကို ထိုသူအပေါ် ပြောင်းကြည့်တာ မလုပ်သင့်ပေမယ့် ထိုသူကလည်း ရှင်းမချစ်မှန်းသိတယ်။

နောင်တ/နောင်တ ( Completed)Место, где живут истории. Откройте их для себя