12🐱🌍(Zawgyi/Unicoad)

1.4K 192 18
                                    

ကျောင်း​ပေါင်းစုံရွက်​​လှေပြိုင်​ပွဲကအရမ်းနီးကပ်​​နေပီ
မို့့်Joonနဲ့သူ training ​တေအားသွန်​ခွန်​စိုက်​ဆင်း​နေ
ရပြန်​သည်​..
နိုင်​ငံ​တော်​သမ္မတ​တောင်​သူ့​လောက်​အလုပ်​များမယ်​မထင်​ဘူး...

လက်​ထဲစုမိထားတဲ့​ငွေကလဲကားဝယ်​ဖို့မ​ပြောနဲ့ခုစီး​နေတဲ့ဆိုင်​ကယ်​ဖိုး​လောက်​​တောင်​မရ​သေးတာ​ကြောင့်​​ကျောင်းပိတ်​ရက်​​တေမှာ​နေ့ဘက်​လုပ်​လို့ရမဲ့အချိန်​ပိုင်းအလုပ်​​တေကိုလိုက်​စုံစမ်း​နေမိပြန်​တယ်​..
သို့​သော်​သူနဲ့ကိုက်​တဲ့အလုပ်​ကိုခုချိန်​ထိရှာလို့မရ​သေးတာမို့​ကျေးဇူးရှင်​ကြီးJoonကိုသာအကူညီ​တောင်းရန်​ရှိ​တော့သည်​..

"အား....​မောလိုက်​တာကွာ...​"

Joonကသူ့​ဘေးမှာဝင်​ထိုင်​ရင်းလာညီးတွားပြ​နေ၏..

"ငါ့ကိုလဲအားနာပါအုံး.."

"​အေးပါ...မင်းကို​တော့ငါနားမလည်​​တော့ဘူး..အဲ့​လောက်​အလုပ်​​တေကြိုးစားပီးပိုက်​ဆံစု​နေတာဘာလုပ်​ဖို့လဲ...​မေး​တော့လဲမ​ဖြေဘူး.."

"ဝယ်​စရာရှိလို့ပါဆိုကွာ....စပ်​စုလိုက်​တာ.."

"​ခွေး​ကောင်​..ငါကမင်း​ကျေးဇူးရှင်​ဆိုတာမ​မေ့နဲ့..အ​ပြောအဆို​တေဆင်​ခြင်​...မဟုပ်​လို့က​တော့ငါYoongi hyungကိုအကုန်​ပြန်​​ပြောလိုက်​မှာ.."

"​ဟေ့​ကောင်​...​ပြောလို့က​တော့Jin hyungကိုငါ့အမနဲ့​ပေးစားလိုက်​မှာ.."

"မင်း....​သေချင်​​နေပီထင်​တယ်​.. "

"ဟားဟား....."

Joonရဲ့လက်​​မောင်းကိုမနာ​အောင်​ပိက်​ထိုးလိုက်​သည်​...

"​အေးJoon..ငါမင်းကိုအကူညီတစ်​ခု​လောက်​ထပ်​​တောင်းချင်​လို့ကွာ.."

"ဘာဖြစ်ြ​ပန်​ပီလဲ..​ပြော.."

"ငါ့ကိုပိက်​ရက်​​တေ​နေ့ဘက်​လုပ်​လို့ရမဲ့အချိန်​ပိုင်းအလုပ်​တစ်​ခု​လောက်​ရှာ​ပေးပါ့လား...😬"

"ဖွီး....အဟွတ် ​အဟွတ်​ .."

ရေ​သောက်​​နေတဲ့Joonကသူ့စကားကိုကြား​တော့​ရေသီးသွား၏..

Blind(မျက်​ကန်း)Where stories live. Discover now