"ပြန်တောင်းပန်လိုက်စမ်း!
အခုချက်ချင်း!""ငါက ဘာလို့တောင်းပန်ရမှာလဲ"
တက္ကသိုလ်ကျောင်းဝန်းကြီး အလယ် အချေအတင်
ရန်ဖြစ်နေကြတဲ့ ကောင်ချောလေးနှစ်ယောက်...
ကျောင်းသူလေးတွေကတော့ မကြည့်တာလိုလို
ကြည့်တာလိုလိုနဲ့ ခပ်လှမ်းလှမ်းကနေ ကြည့် နေကြလေရဲ့။"ဒါက ဘယ်ကိုသွားမှာလဲ!
တောင်းပန် သွားဦးလို့ပြောနေတယ်လေ"ထွက်သွားတော့မယ့်ဆဲဆဲလူရဲ့ လက်ကလေးကို
ညှာတာမှုမရှိ ဘက်ခနဲ လှမ်းဆွဲထားလေသည်။"လွတ်စမ်းပါ!"
"အခုချက်ချင်း ဆယ်ဟီး ကိုတောင်းပန်လိုက်!"
"မင်းက ဘာဖြစ်ချင်နေတာလဲ!
ငါ က ဘာလုပ်လို့ ဘာကိုတောင်းပန်ရမှာလဲ"" ဟို ဒီကအကို ကို ညီမကဘဲ တောင်းပန်ပါတယ်။
သူက ညီမကို ဘာမှမလုပ်ပါဘူး။
ညီမကသာလုပ်တာပါ""ဗျာ!!"
ဘယ်လို အခု သူနားကြားမှားတာလား!
တိတ်တခိုး crush နေရတဲ့ ကောင်မလေးကို လမ်းလယ်ခေါင်မှာ ငိုအောင်လုပ်တယ်ဆိုပြီး အကျိုးမသိအကြောင်းမသိနဲ့ ဆွဲရမ်းတော့တာဘဲ။
အဲ့လို မစူးစမ်းမဆင်ချင်လို့ ပြဿနာတက်ရပေါင်းလည်း မနည်းတော့ဘူး။
မင်ဂျူး!
မင်းကတော့ သေသင့်တယ်!!ဟို လူကိုကြည့်လိုက်တော့ လူက လက်တစ်ဆစ်လောက်နဲ့
လက်ပိုက်ပြီး ဆရာကြီး စတိုင်နဲ့ ကြည့်နေပြန်ပါသည်။"ဘယ်လို ဖြစ်တာလဲ ကျတော် သိခွင့်ရမလား"
"ကျွန်မ က အကိုဂျီမင်း ကို ကြိတ်ကြိုက်နေတာ..
အဲ့ဒါ စာလိုက်ပေးတာ...
ရှက်လို့ တိတ်တိတ်လေး လိုက်ပေးတာ...
အဲ့ဒါ အကို့ရဲ့ အကျီ က ညီမကြောင့် ပြဲ သွားတာ..
အဲ့ဒါ..
....
ဟင့်..ဟင့်....ညီမ က အကိုတော့ဆူတော့မှာ ဘဲ ဆိုပြီး
ကြောက်ပြီး မျက်ရည်ကျတာ..ဟင့်
.......
အကို ကညီမကို ဘာမှမလုပ်ရပါဘူး...
အကို့ကို ဘာမှ မလုပ်ပါနဲ့နော်...ဟင့်...
ခုတော့ရှိတဲ့ အရှက်လေးတွေကုန်ပါပြီ!"မင်ဂျူး တို့ကလုပ်လိုက်ရင် အဲ့လိုတွေပါဆို
ခုတော့ တစ်ရှက် က နှစ်ရှက် ဖြစ်ကုန်ပြီ။
ကြည့်နေတဲ့ လူတွေကို မျက်လုံးပြူးပြလိုက်တယ်
ဘာမှတ်လို့ ငါ့ ခရက်ရှ်လေးကို လာကြည့်နေတာလဲ!
ရှူးးး သွားကြ.. သွားကြ...