20(End,not for love)

4.8K 288 7
                                    

အချိန်ဆယ့်နှစ်လရာသီ ဘယ်လောက်ပြောင်းပြောင်း ဂျီးမင်းအပေါ်ထားတဲ့ ဂျောင်ကုရဲ့ ချစ်ခြင်းတွေက အရောင်ပြောင်းမသွားပဲ ပို၍ပင် ထင်ရှားလာသေးသည်။
ယောက်ျားပီသလာတဲ့ရုပ်ရည်အပြင် ကြိုးစားမှုနဲ့ ဖွံ့ဖွံ့ထွားထွားဖြစ်လာတဲ့ခန္ဓာကိုယ်ကြောင့် လာ၍ပိုးပမ်းကြသူတွေက ကျောင်းပေါင်းစုံကဖြစ်လာသည်။ မီဒီယာကတစ်ဆင့် မည်သူ့လက်ချက်ကြောင့် သူ့ဓာတ်ပုံက ပျံ့သွားသည်မသိ။
ဂျီမင်းက ထိုကိစ္စတွေကို စိတ်မဆိုးတဲ့အပြင် သူ့ကိုတောင် မင်းသားလုပ်ခိုင်းနေသေးသည်။ ဒင်းလေးက We love groupတောင် ထောင်လိုက်သေးသည်။
ဒါပေမယ့် သူ့ရဲ့ပိုပိုသာသာ ဂရုစိုက်မှု့တွေကြောင့် ဂျီမင်းလေးရဲ့ တစ်ဦးတည်းသော အချစ်ဘုရင်လေးဟု နာမည်ကရလိုက်ပြန်သေးသည်။

အလုပ်သင်ဆင်းတဲ့ကာလတွေအတွင်း ဂျောင်ကုမှာ စိတ်ရော၊လူရော ပင်ပန်းလှသည်။ အကြောင်းရင်းကတော့ ဂျီမင်း ပင်ပန်းတာတွေကိုမြင်ရတဲ့အပြင်၊ ဖျားနာတာတွေပါဖြစ်ခဲ့တာကြောင့်ဖြစ်သည်။
စာနဲ့ပတ်သက်ရင် ဘူး ခံငြင်းတတ်တဲ့ဂျီမင်းက
အလုပ်သင်အတောအတွင်း အလုပ်ကြိုးစားသလို လေ့လာစရာရှိသည်တို့ကို ဖျားနာနေလျှင်ပင် ခေါင်းမာမာနှင့် လုပ်တတ်သေးသည်။
စိတ်မချမှုတွေနဲ့ သူ့မှာတော့ မနက်စာလည်းမလျစ်ဟင်းရ အပြေးအလွှားချက်ပြုတ်ကျွေးရသည်။ သူ့စကားကို နားမထောင်ပဲ ပေတေတေလုပ်နေတတ်ရင် ပို၍ပင်စိတ်ပင်ပန်းရသေးသည်။

ပင်ပန်းခြင်းတွေပျောက်ကွယ်ပြီးတော့ ပျော်ရွှင်ရမယ့်အချိန်သို့ ရောက်လာပါပြီ။ ကျောင်းဝင်းကြီးရဲ့ အဝင်မှာလည်း ဘွဲ့နှင်းသဘင်ဆိုတဲ့ အလှဆင်ဆိုင်းဘုတ်နဲ့အတူ ဝင်စမှသည် ကျောင်းဝင်းထဲ၌ ဟိုမှသည် လူအစုအစုလေးတွေနဲ့ အဖွဲ့လိုက်ဓာတ်ပုံရိုက်နေကြသည်။ ဂုဏ်ပြုပန်းစည်းလေးတွေသည်လည်း အပြိုင်အဆိုင်လှပနေကြသည်။

အဖေနဲ့အမေကတော့ ဂျီမင်းနှင့်သူ့ကို
အတင်း ပို့စ်တွေပေးခိုင်းပြီး အပြိုင်အဆိုင် ဓာတ်ပုံရိုက်ပေးနေကြသည်။ အနေအေးသူ အန်ကယ်ကတော့ သမက်ဖြစ်လာမယ့် ဂျောင်ကု့ကို ပို့ပေးကြတဲ့ပန်းစည်းတွေကို ကိုင်ပေးထားရသည်။ ဘွဲ့နှင်းသဘင်သည် ကျောင်းပိတ်ရက်ဖြစ်သွားသည်ကို တော်သေးသည်။ နို့မို့ဆို ကျော်ကြားနေတဲ့ Kingလေးကြောင့် ရုတ်ရုတ်သဲသဲဖြစ်နိုင်သည်မှာ မနိုင်နင်းသော ပန်းစည်းတို့က သက်သေဖြစ်သည်။

✧Only Your King✧Where stories live. Discover now