ဂျောင်ကုကတော့ ဂျီမင်းကိုအိမ်လိုက်ပို့ပြီး အိမ်ကဖုန်းလှမ်းဆက်တာနဲ့ ပြန်သွားလေသည်။
အိမ်ထဲကိုဝင်လာတဲ့သူ့ကို အကိုစောဂျွန်းက ပြူးပြဲကြည့်နေလေသည်။
ဧည့်ခန်းထဲမှာ အဝတ်စားပုံကြီးနဲ့ဖြစ်နေပုံထောက်ရင် ဒယ်ဒီမရှိလို့ အိမ်လူကြည့်ရရင်း အဝတ်တွေကို မီးပူတိုက်နေပုံရသည်။"ဂျီမင်းကတော့ကွာ မဆိုးဖူးတဲ့အရောင်ရောရှိသေးရဲ့လား။
ခေါင်းကလည်း အရောင်အသွေးစုံသွားပါပြီ။
အာတာပူစီလေးလိုပဲ"ဆံပင်အရောင်ပြောင်းတဲ့အခါတိုင်း အကိုက သူ့ကို ထိုသို့ပြောနေကြဖြစ်သည်။ အပြာရောင်ပြောင်းတုန်းက ထို အာတာပူစီ ဆိုတဲ့စကားလုံးကိုစသုံးတာပင်။ သူများတွေအတွက်တော့ အာတာပူစီဟာ ပန်းနုရောင်လို့ မျက်စိထဲပြေးမြင်နိုင်ပေမဲ့ အကို့အတွက်က အေးချမ်းခြင်းအပြာရောင်တဲ့။
"ဆံသားတွေပျက်စီးကုန်တော့မှာပဲ။
နောက်များမှ ထိပ်ပြောင်ဂျီမင်းလေး ဖြစ်နေမယ်နော်"ရွှတ်ေနှာက်နောက် စကားတို့ကိုဆိုကာ အကိုက သူ့ဆံနွယ်တို့ကိုဆော့ကစားသည်။ နေရခက်စွာနဲ့ အကိုရဲ့လက်ကိုဖယ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးပုံစံနဲ့ပြောလိုက်သည်။
အမှန်တကယ် သူ စိတ်ဆိုးမနေပါဘူး။"အဲ့အတွက်တော့ အကိုစိတ်မပူပါနဲ့။
ကျွန်တော်ရဲ့ အားသာချက်တွေထဲမှာ ဆံသားကောင်းတာလည်းပါတယ်!"တည်တည်တံ့တံ့ပြောလိုက်တဲ့ သူ့စကားသံတွေရဲ့ အဆုံးမှာ အကို့မျက်နှာက ပြုံးရွှင်နေရာကနေ ရုတ်ချည်းပြောင်းလဲသွားသည်။
သူများ စကားမှားသွားပြီလားလို့ အားတုံ့အားနာဖြစ်လာသည်။"သွားပါပြီကွာ!
ညှော်နံ့ရပါတယ်လို့ ဦးကြီး စတိုင်ပန်တော့ပျက်ပြီ"အကို့ရဲ့ တည်ငြိမ်အေးဆေးတဲ့ ပင်ကိုစရိုက်နဲ့ ခြားနားစွာ ခပ်စူးစူးအော်ပြောပြီး သူ့ကို ခပ်သုတ်သုတ်လေး ကျောခိုင်းသွားသည်။
ရှုံ့တုန့်တုန့်မျက်နှာအနေအထားနဲ့ ပြောလာတဲ့ အကိုက လက်ထဲက ဘောင်းဘီကိုမြောက်ကာ အပြင်သို့ပြေးထွက်သွားသည်။
ကြည့်ရတာ မီးကျွမ်းနေတဲ့ ဘောင်းဘီကို မီးငြိမ်းမလို့နဲ့တူပါတယ်။
သေချာပြန်စဉ်းစားကြည့်တော့ ခုနကအကိုဟာ သူ့ကိုစိတ်ဆိုးတာမဟုတ် တူးနံ့ခံနေမှန်းသတိထားမိတော့သည်။