ဒီနှစ်ကျောင်းပြန်ဖွင့်ချိန်ကတော့ ပုံမှန်ထက်ကို ပြောစရာတွေများလို့နေကြသည်။ ကျောင်းတံခါးပေါက်မှာလဲဒီစကား၊ ကျောင်းဝန်းထဲခြေချလိုက်တာနဲ့ မကြားချင်မှအဆုံးဖြစ်သွားရသည်အထိပင်။
"ဟေ့!
ဟိုကောင်မတွေပြောနေတာ တကယ်လားဟယ်?"တက္ကသိုလ်ရဲ့အလှပဂေးလေးတွေသည် ပြင်ဆင်ထားသော မိတ်ကပ်တွေနဲ့ ဝတ်စားဆင်ယင်ပုံတို့ကို မေ့လျော့ကာ သိချင်စိတ်တို့ ပြင်းထန်နေကြသည်။
"အေးဟုတ်တယ်!
နင်သိခဲ့တာအမှန်ပဲ""ငါတောင်ဘာမှမပြောရသေးပဲနဲ့ နင်ကဘာကိုမှန်တာလဲ!
ငါပြောချင်တာ တို့ရဲ့ ဖော်ရွေတဲ့ king ချောချောလေးစေ့စပ်သွားတဲ့သတင်း!""ဟုတ်တယ်လေ!
အခုချိန်မှာ ကျောင်းထဲကလူတိုင်း ဒီဟာပဲပြောနေတာ""အဲ့ဒါဆို တကယ်ပဲပေါ့..
သွားပါပြီဟယ်..ငါ့မှာတော့ သူ့ကိုပိုးချင်လွန်းလို့ ငယ်တဲ့ပုံပေါက်အောင် ဆံပင်တောင်ညှပ်လာတာ..
ခုတော့ ဆံပင်လည်းရှုံး crushလည်းရှုံးပါပဲ။""ဘယ်သူနဲ့လဲသိလား?"
"အဲ့ဒါတော့ မသိဘူး"
"ဂျွတ်ဗလွတ်ဂျီမင်းနဲ့!"
"ဟင်!!!"
နောက်ဆုံးနှစ်တွေ လူစုနေတဲ့နားကနေ ဖြတ်သွားမိတာကို အကြီးအကျယ်စိတ်ပျက်မိသွားသည်။ ကြားခဲ့တာတွေကို ကောလဟာသလို့သာ သတ်မှတ်ပြီး လက်ကိုင်အိတ်ကြိုးကိုတင်းတင်းကိုင်ပြီး ဖြတ်လျောက်ခဲ့တာ ဒီနောက်ဆုံးနှစ်မမကြီးတွေပြောပုံအရတော့ ဟုတ်နေပြီ။
ယွန်းအာဆိုတာ စာကလွှဲရင် ကျန်တာမှန်သမျှကို လိုချင်ရင် ရခဲ့တာချည်း။ဒီတစ်ခုကတော့ သူမဘဝမှာ အလိုချင်ဆုံးဖြစ်သွားခဲ့ပြီ။"အသက်ကြီးပြီးအသိဉာဏ်မရှိတဲ့ဟာတွေ!"
ဒေါက်ဖိနပ်သံတညံညံနဲ့ သူမရဲ့စကားကို မမကြီးများအဖွဲ့က ကြားဖြစ်အောင်ကြားလိုက်ပါသည်။အံ့ဩမိတာ ကျောင်းသားသမဂ္ဂအဖွဲ့ထဲက ထက်မြက်တဲ့ကောင်မလေးဖြစ်နေတာကို။
.
"ရလား!
အန်ချင်နေရင် အန်ချလိုက်ပါကွာ"