"ဟယ်လို!!
အန်ကယ်... ဂျီမင်း ကျောင်းမလာတာနှစ်ရက်ရှိပြီ။
ကျတော်ဖုန်းဆက်တော့လည်းမကိုင်ဘူး။
အိမ်မှာလည်း ဘယ်သူမှမရှိကြလို့
ဘာများဖြစ်တာလဲလို့ စိတ်ပူလို့
အန်ကယ့်ဖုန်းနံပါတ်ကို မေမေ တို့ဆီက
တောင်းပြီးဆက်လိုက်တာ။
ထွေထွေထူးထူးတော့ မရှိပါဘူးနော်"ကုတင်ပေါ်က စောင်ပုံလေးထဲမှာ မျက်နှာညိုးညိုးလေးနဲ့
ထိုင်နေတဲ့ ဂျီမင်း ကို ကြည့်ပြီး သူလည်း ဘာလုပ်ရမှန်းမသိတော့ဘူး။
ဖုန်းလေးတော့လက်ခံပြောလိုက်ပါ ဆိုတာလည်းမရဘူး
ခေါင်းခါပြီးပဲငြင်းနေတော့သည်။"ဂျီမင်း နေမကောင်းလို့
ကျောင်းမလာနိုင်တာ သားရဲ့။
ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး။
သူ့အမေအိမ်ကို သတိရလို့ အဲ့ဒီရောက်နေကြတာ""ဟိုလေ .. အန်ကယ်...
ဂျီမင်း အရမ်းနေမကောင်းဖြစ်နေလား။"ဂျောင်ကု ရဲ့စိုးရိမ်ပူပန်မှုကို သူနားလည်ပါတယ်။
သားဖြစ်သူကို ကြည့်လိုက်တော့ စောင်ပုံလေးထဲမှာ ထိုင်နေရင်းလေး အိပ်ငိုက်နေတာကိုမြင်လိုက်ရတော့
ခေါင်းခါလိုက်မိသည်။"အစပ်တွေအရမ်းစားလိုက်လို့ နေလို့မကောင်းဖြစ်သွားတာပါ။
မစိုးရိမ်ရဘူးရယ်။""ဟုတ်ကဲ့ပါ
အဲ့လိုဆိုလည်းလေ...ကျတော့်ဖုန်းကို ကိုင်ပေးပါလို့
ပြောပေးပါနော် အန်ကယ်"ဂျောင်ကုနဲ့ ဖုန်းပြောပြီးတော့
ဂျီမင်းကို လှည့်ကြည့်လိုက်တော့
ခန္ဓာကိုယ်ကို စောင်နဲ့ပတ်ထားပြီး
ဒူးလေးပေါ် ပါးအပ်ကာ အိပ်ငိုက်နေလေရဲ့။
ပါးဖောင်းဖာင်းလေးက ဖိထားတာကြောင့်ထင်တယ်
ပေါက်စီလေးလို အိအိလေးဖြစ်နေသည်။"သား နိုးလာရင်လည်း ပြန်မအိပ်သေးနဲ့ဦး။
ဒယ်ဒီပြောစရာရှိလို့။"ဇက်နာမှာဆိုးလို့ အိပ်ယာ ပေါ် လှဲပေးဖို့ထိလိုက်တော့
လှုပ်လှုပ်ရွရွနဲ့ ခေါင်းလေးထောင်လာလေရဲ့။"ဟုတ်"
အိပ်ချင်မူးတူးဖြစ်နေတာဆိုတော့
ပြန်ပြန်မှိတ်ချင်နေတဲ့မျက်လုံးကို
အတင်းပြူးပြဲလုပ်နေရှာသည်။