"죄송합니다
Oh sorry"Switzerland လိုနိုင်ငံမျိုးမှာ ကိုရီးယားစကားသံကို
ကြားလိုက်ရတာမလို့ အနည်းငယ်အားတက်သွားမိသည်။သူ့ဘဝအတွက် ဒါဟာ တစ်ယောက်ထဲသွားဖူးတဲ့
ပထမဆုံးသော ခရီးစဉ်ပါ။
တစ်ဦးတည်းသော သားဖြစ်သည့်အပြင်
မိဘတွေက နဂိုကတည်း ရင်းရင်းနှီးနှီးနေတတ်ကြသူတွေဖြစ်၍
သူငယ်ချင်းတွေလိုပဲပွင့်လင်းမြင်သာမှုရှိကြသည်။
ဘယ်သွားသွား အတူတူပဲမို့
သူ့အတွက်က ဒီခရီးမှာ နည်းနည်း တုန်လှုပ်နေမိတာအမှန်။"ဟို..
ကိုရီယားလူမျိုးလားဟင်""Yes"
"တစ်ခုလောက်ကူညီပါလားဟင်..
...
ဟာ ဘယ်ရောက်သွားပါလိမ့်"ဖုန်းကိုထုတ်လို့ ဟိုတယ်နေရာမေးမယ်ကြံတော့
အဲ့ဒီကိုရီးယားလူကမရှိတော့ဘူး။
စိတ်ထင်လို့ပဲလားတော့မသိဘူး
အဲ့ဒီမီးခိုရောင်ခေါင်းနဲ့ လူရဲ့နုတ်ခမ်းတွေက
သူ့ရဲ့အသည်းအသက်လေးနဲ့သွားတူနေသလို။
.
.
.
.
.
."ဗျာ!!!
Switzerland ကိုသွားတယ်..ဟုတ်လား""အေးကွယ်။
သွားချင်တယ်လို့ပြောနေတာတော့ကြာပြီ..
အန်ကယ်လည်း ဒီရက်ပိုင်း အရေးကြီးအလုပ်ကိစ္စရှိလို့
နောက်မှသွားပါလား ဆိုတာမရဘူး။
ကျောင်းပိတ်ရက်နဲ့လည်းကြုံနေတော့ သူစိတ်ချမ်းသာပါစေဆိုပြီးလွတ်လိုက်ရတာ"တစ်ပတ်လည်းပြည့်သွားပြီဖြစ်တဲ့အပြင်
Private study ကျောင်းပိတ်လိုက်တာနဲ့ဆုံသွားလို့
အိမ်ထိလာတွေ့တာကို Switzerlandကိုသွားတယ်တဲ့။"ကျောင်းက ငါးရက်ပဲပိတ်တာလေ အန်ကယ်ရယ်~
ပြီးတော့ ကျောင်းပြန်ဖွင့်ရင်
စာမေးပွဲဖြေရတော့မှာကို ဘာလို့လွှတ်လိုက်ရတာလဲ။
ပြီးတော့ ..
တစ်ယောက်ထဲလွှတ်မယ့်အစား
ကျတော့်ကိုတော့ မပြောဘူး.."သားဖြစ်သူဂျစ်ကန်ကန်နဲ့ သားမက်ဖြစ်လာမယ့်သူကြား
သက်ပြင်းချရုံသာတတ်နိုင်တော့သည်။ဘာတွေဖြစ်တယ်မသိပါဘူး...
ဂျီမင်းက သူ့ခံစားချက်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့ထဲမှာမပါဘူး။