စာမေးပွဲတွေလည်းပြီးသွားခဲ့ပြီ။
ချစ်သူတွေလည်းဖြစ်သွားခဲ့ပြီ။
ဒါပေမယ့် ချစ်ခြင်းတွေက သေချာရဲ့လားတော့ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ဒီနေ့က ဩဂုတ်လ ၁၀ ရက်နေ့၊ စာဖိုမှူးလေး စောဂျွန်ရဲ့မွေးနေ့ဖြစ်တယ်။စောဂျွန်းဆိုတာ ဂျီမင်းတို့မိသားစုအတွက် မိသားစုဝင်လိုမျိုးအရေးပါသည်။ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် ရက်တိုကိတ်မုန့်လုပ်သင်တန်းကို ဂျီမင်း တက်ထားလိုက်သည်။
စားကောင်းသောက်ဖွယ်တွေကိုအမြဲပြုလုပ်ပေးတတ်တဲ့ စောဂျွန်းအတွက် သူလုပ်ပေးချင်တဲ့ အရာလေးလည်းဖြစ်သည်။"ဖေဖေ ဒီနေ့ သား အကိုစောဂျွန်းနဲ့ သူတို့တိုက်ခန်းကိုလိုက်သွားမှာနော်"
"အေးပါကွာ။
နီးနီးလေးဆိုပေမယ့် ခြေလျင်သွားမနေကြနဲ့ ဖေဖေဝင်ပို့ပေးခဲ့မယ်လေ"ဂျီမင်းတို့အိမ်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အချိန်မှာ သူတို့လက်ရှိနေတဲ့အိမ်နဲ့အနီးက သူတို့အပိုင်တိုက်ခန်းလေးမှာ စောဂျွန်းတို့မောင်နှမကို နေစေခဲ့သည်။
ဒီနေ့ အကိုစောဂျွန်းရဲ့မွေးနေ့မှာ ဂျီမင်းကိုယ်တိုင် ကိတ်လုပ်ထားပြီး တိုက်ခန်းကိုလိုက်သွားမှာဖြစ်သည်။ ဒါဟာ အကိုစောဂျွန်းဆီကို ပထမဆုံးအကြိမ် လိုက်လည်တာလည်းဖြစ်သလို သူ့ရဲ့ညီမလေးနဲ့လည်းတွေ့ရမည်။"ဖေဖေ သားကိုကြည့်ပေးအုံး?
လူကြီးလူကောင်းဆန်လားဟင်""ငါ့သားကဒီလောက်ချစ်ဖို့ကောင်းတာ!
ဘာတွေပဲဝတ်ဝတ် ချစ်ဖို့ပဲကောင်းနေတာ"အဝါရောင် ရှပ်အကျီနဲ့ စတိုင်ပင်ဘောင်းဘီကို လူကြီးလူကောင်းဆန်စေချင်တဲ့ရည်ရွယ်ချက်နဲ့ရွေးချယ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့အပြောတွေကြောင့် ဂျီမင်း စိတ်ပျက်မိသွားတာတော့အမှန်။ အချိန်ကလည်းမရှိတာကြောင့် ပြန်ပြီး အဝတ်ရွေးလိုက်၊လဲလိုက်လုပ်မနေချင်တော့။
"ဖေဖေ လိုက်ပို့ပေးမနေနဲ့။
ပန်းခြံရဲ့လမ်းတစ်ခုခြားဆိုရင်ပဲ ရောက်ပြီကို..
သား အကိုစောဂျွန်းနဲ့ပဲလိုက်သွားတော့မယ်။
အပြန်တော့ ဝင်ခေါ်ပေး....အကိုတို့နဲ့ ဘိုးဘွားရိပ်သာသွားပြီး တိုက်ခန်းကနေစောင့်နေမယ်"