"အခု နေလို့ကောင်းသွားပြီလား"
"အွန်း"
"ကိုယ် စာအုပ်ငှားခဲ့တယ် စာကူးပေးမယ်လေ"
ဂျီမင်းပြန်သွားတယ်လို့ သိပြီးနောက် ယွန်းအာဆီကနေ စာကူးပေးဖို့ စာအုပ်ငှားခဲ့လိုက်သည်။ ဂျီမင်းတို့မေဂျာက သူနဲ့သိတာဆိုလို့ ယွန်းအာပဲရှိသည်မို့လား။ မနက်ခင်းချိန်ကလည်း သူ့ကြောင့် အတန်းပျက်သေးသည်မို့လား။ လွယ်အိတ်ကို သူ့ထံပေးပြီး အိပ်ယာထဲပြန်ကွေးသွားပြန်သည်။
ဘယ်သူဆီကလဲ၊ ဘာလဲ စသည်ဖြင့် မေးချင်နေတဲ့ မေးခွန်းတွေများမှာကို သူသိသည်။ သို့ပေသော်ငြား ဒီကောင်လေးဟာ ဘာကိုတင်းခံနေသည်မသိ အမေးစကားဆိုမလာ။ဂျောင်ကုမှာ စိတ်ကူးလေးတစ်ခုရှိသည်။ အဲ့ဒါကတော့ ချစ်သူလေးရှိလာခဲ့ရင် ချစ်သူလေးဆိုးသမျှ စိတ်ကောက်သမျှတို့ကို စိတ်ရှည်လက်ရှည်ရှင်းလင်းပြောပြဖို့နဲ့ သူ့ရဲ့ချစ်ခြင်းတွေကြောင့် သူချစ်ရတဲ့သူလေးရဲ့ဘဝ အေးချမ်းစေဖို့ဖြစ်သည်။ သူက မိစုံဖစုံနဲ့ မေတ္တာအပြည့်ကိုရရှိခဲ့ပေမယ့် ကောင်လေးမှာတော့ ခင်တွယ်စရာ အန်ကယ်တစ်ယောက်သာ ရှိခဲ့သည်မို့လား။ သူ့ကိုထားခဲ့မှာ ဆိုးတဲ့စိတ်နဲ့ စိတ်ဆိုးစိတ်ကောက်မလုပ်ရဲတာမျိုးတွေမဖြစ်စေလို။ အရင်ကမရခဲ့ရတဲ့ ချစ်ခြင်းအစုံနဲ့ ကောင်လေးကို နှစ်ဆတိုးပြီးချစ်ပေးချင်သည်။ သူ့အပေါ်ကို အစွမ်းကုန်ဆိုးနွဲ့စေလိုသည်။
သူ့ဘက်ကိုကျောပေးနေတဲ့ကောင်လေးကို ဆွဲလှည့်လိုက်ပြီး မျက်နှာဖြူဉဉမှာ ဖြစ်ပေါ်နေမည့်ပုံစံတို့ကို ကြည့်လိုက်သည်။ ကောင်လေးက အေးအေးချမ်းချမ်းပါပဲ။ဒါပေမယ့် ရင်ထဲမှာများပူလောင်နေမလားဟု အတွေးပွားမိလေတော့ ပိုပြီး ပူလောင်ရသူက သူကိုတိုင်သာ။ ယွန်းအာကို ကောင်လေး အူတိုနေမှန်းသိပါသည်။ သိုပေမယ့် ကောင်လေးရဲ့ပညာရေးကို ပိုအလေးပေးကာ မျက်နှာပူပူနဲ့ စာအုပ်တွေငှားခဲ့ရတာ။
"ကိုယ့်ကို စိတ်ဆိုးနေလား"
"မဟုတ်ပါဘူး"
"အဲ့ဒါဆို သဝန်တိုနေတာလား"
"မဟုတ်ပါဘူးဆိုနေ"