"ဘာဖြစ်နေတာလဲဟင်?"
"ဘာမှမဖြစ်ပါဘူး"
ပထမဆုံးနှစ်ဦးတည်းတွေ့ရတဲ့နေ့မှာ တစိမ့်စိမ့်ကြည့်တာတို့၊ ကြည်ကြည်နူးနူးစကားဆိုတာတို့လုပ်သင့်တာပေါ့။
အခုတော့ လူကိုလည်းမကြည့်၊ စားချင်လှပါရဲ့ဆိုတဲ့ ပန်ကိတ်ကိုလည်း ဆိတ်ဆွနေတာကြည့်မကောင်းတော့။"အဲ့ဒါဆိုလည်းပြန်တော့မယ်"
"မဟုတ်ဘူး!"
ပြန်တော့မယ်လို့ဆိုမှလက်ကို အတင်းလာဆွဲတယ်။
တကယ်တည်း ဘာဖြစ်နေမှန်းကိုမသိဘူး။ ယောက်ျားဖြစ်ပြီး စိတ်ကောက်နေတယ်။ အပေါ်နှုတ်ခမ်းကိုဆူလိမ်နေတာပါပဲ။ ကျောင်းက kingကြီးစိတ်ကောက်နေတာကို ကောင်မလေးတွေကိုခေါ်ပြလိုက်ချင်တယ်။"ကိုယ် တောင်းပန်ပါတယ်ကွာနော်"
"ဘာဖြစ်နေတာလဲ ပြောပြမှသိမှာပေါ့"
ဂျီမင်းရဲ့လက်ကိုဆွဲခေါ်သွားတဲ့ဓာတ်ပုံလေးကို တစိမ့်စိမ့်ကြည့်ပြီး ညထဲက စိတ်ဆိုးချင်သလိုဖြစ်နေတာက အျက်နှာဖြူဉဉလေးနဲ့ ကောင်လေးကိုတွေ့တဲ့အခါ ထားသွားမှာကိုတွေးပြီး စိုးရိမ်စိတ်က တားဆီးမရ။ စကားကိုပြန်မပြောနိုင်တာ ငိုချင်သလိုဖြစ်နေလို့။
"ကိုယ်မှားသွားပါတယ်။
နောက်ကို ဘယ်တော့မှအဲ့လိုတွေလျောက်မတွေးတော့ဘူးလို့ ကတိပေးပါတယ်"မျက်နှာငယ်ငယ်လေးနဲ့ဆိုလာပြန်တော့ ဘာများဖြစ်နေလဲလို့ စိတ်မကောင်းဖြစ်ရပြန်သည်။ ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုမှအားမနာ စိတ်ကောက်နေတဲ့ လူကြီးကို ချော့မေးဖို့လုပ်ရတော့သည်။
"ဘာတွေတွေးနေလို့လဲ?
တစ်ယောက်ထဲ တွေးပြီးစိတ်ဆင်းရဲစရာမလိုဘူးလေ။
ပွင့်ပွင့်လင်းလင်းမေးလိုက်ရင် ပြောပြမှာပေါ့""မင်းပါ စိတ်ညစ်ရလောက်အောင် အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ပါဘူးကွာ။
ကိုယ်ကိုက အတွေးတိမ်သွားလို့ပါ""အွန်းပါ"
"ကိုယ်နဲ့ FILAကိုလိုက်ခဲ့ပေးဦး။
အဝတ်အစားနည်းနည်းဝယ်ချင်လို့"